ဘီးလင်းမြို့နယ်၌ (၁/၂၀၂၅)အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဖွင့်လှစ်

ဘီးလင်း ဇန်နဝါရီ ၁၄

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ (၁/၂၀၂၅)အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီက ဘီးလင်းမြို့နယ် မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ဘီးလင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူအောင်က အဖွင့်အမှာစကားပြောကြားပြီး ဘီးလင်းမြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်လင်းဦးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် သင်တန်းသားများအား သင်တန်းတူညီဝတ်စုံများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစည်သူအောင်နှင့် မြို့နယ်စီမံအဖွဲ့ဝင်(၁)ဗိုလ်မှူးနေယုအောင်တို့က အရန်မီးသတ်တပ်ဖွဲ့ဝင်များအား ပေးအပ်ခဲ့ကြသည်။

အဆိုပါ အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်းသို့ ဘီးလင်းမြို့နယ်အတွင်းရှိ သင်တန်းသား ၅၀ ဦးတက်ရောက်ခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးဆောင်သည့် နည်းပြများက ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ရေးဆိုင်ရာ ဘာသာရပ်များကို လေးပတ်ကြာစာတွေ့၊ လက်တွေ့သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)