ပေါင် ဇန်နဝါရီ ၁၄
မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ရှာဖွေကယ်ဆယ်ရေးနှင့်မီးငြှိမ်းသတ်ရေးလုပ်ငန်းများ၌ စွမ်းရည်ပြည့်ဝစေရေးအတွက် လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း(၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်က ပေါင်မြို့နယ်မီးသတ်ဦးစီးဌာနအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်က သင်တန်းပြုလုပ်ပေးရသည့်ရည်ရွယ်ချက်နှင့် စွမ်းရည်ပြည့်ဝစွာဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ရှင်းလင်းအမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးကျော်နိုင်ဦးက သင်တန်းသားအရန်မီးသတ်တပ်ဖွဲ့ဝင်များအား တူညီဝတ်စုံများ ပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းကို မြို့နယ်မီးသတ်ဦးစီးဌာနအစည်းအဝေးခန်းမ၌ ဇန်နဝါရီလ(၁၃)ရက်နေ့မှ ဖေဖော်ဝါရီလ(၇)ရက်နေ့အထိ လေးပတ်ကြာဖွင့်လှစ်ခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှူး ဦးမြတ်ကိုကိုဦးဆောင်သည့် နည်းပြများက ရှာဖွေကယ်ဆယ်ရေးနှင့်မီးငြှိမ်းသတ်ရေးဆိုင်ရာ ဘာသာရပ်များကို ပေါင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာတို့မှ သင်တန်းသား အရန်မီးသတ်တပ်ဖွဲ့ဝင်(၅၀)ဦးတို့အား စာတွေ့လက်တွေ့ဖြင့် လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း သိရသည်။
မွန်မလေး(ပြန်/ဆက်)