ကျိုက်ထိုမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း(၁/၂၀၂၅)သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

ကျိုက်ထို ဇန်နဝါရီ ၁၄

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မီးသတ်ဦးစီးဌာနမှကြီးမှူး၍ မြို့နယ်အတွင်းမီးဘေးအန္တရာယ်ကင်းဝေးစေရန် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ) သင်တန်း(၁/၂၀၂၅)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီတွင် မြို့နယ်မီးသတ်ဦးစီးဌာနအစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးတင့်လွင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်တပ်ဖွဲ့ဦးစီးအရာရှိ ဦးဝေယံအောင်က အရန်မီးသတ်တပ်ဖွဲ့ဝင်များအား လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်လှစ်၍ သင်ကြားပို့ချရခြင်း ရည်ရွယ်ချက်ကိုပြောကြားခဲ့သည်။

ယင်း‌နောက် ရပ်ကွက်‌/ကျေးရွာများမှ တက်ရောက်လာသည့် သင်တန်းသားများအား အရန်မီးသတ်ဝတ်စုံများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးတင့်လွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဦးစီးအရာရှိဦးဝေယံအောင်တို့က ပေးအပ်ခဲ့သည်။

အဆိုပါသင်တန်းသို့ ရပ်ကွက်/ကျေးရွာများမှ သင်တန်းသား(၅၀)ဦးတက်ရောက်ပြီး နည်းပြဆရာ(၅)ဦးမှ မီးသတ်ပညာဘာသာရပ်၊ အခြေခံရှာဖွယ်ကယ်ဆယ်ရေးဘာသာရပ်တို့အား စာတွေ့၊ လက်တွေ့များသင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ကျိုက်ထို ပြန်/ဆက်