ဆီဆိုင်မြို့နယ်၌ လေပြင်းဘေးကြိုတင်ကာကွယ်ရေး နေအိမ်အလုံးရေ (၂၀၀)အတွက် ငွေများ ပေးအပ်

ဆီဆိုင် ဇန်နဝါရီ ၁

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း လေးပြင်းဘေးဒဏ် ပိုမိုခံနိုင်ရည်ရှိသော အိုးအိမ်များဖြစ်စေရေး အားဖြည့်ပြင်ဆင်ခြင်းလုပ်ငန်းအစီအစဉ်ဖြင့် ဆီဆိုင်မြို့နယ်အတွင်းရှိ နေအိမ်များအတွက် ငွေများပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်စီးမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးအောင်ဆန်းဦးက အမှာစကားပြောကြားပြီး ပြည်နယ်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးစိုးနိုင်က လေးပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်မည့်အစီအစဉ်အား ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် တက်ရောက်လာကြသည့် ကျေးရွာများမှ ပြည်သူများက ဆွေးနွေးမေးမြန်းကြရာ တာဝန်ရှိသူတို့မှ ပြန်လည်ဆွေးနွေး ဖြေကြားပေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဦးစီးမှူး ဦးစိုးနိုင်နှင့် တာဝန်ရှိများက ဆီဆိုင်မြို့နယ်အတွင်းရှိ နေအိမ်အလုံးရေ (၂၀၀)အတွက် ငွေများပေးအပ်ရာ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့မှ လက်ခံရယူခဲ့သည်။ အဆိုပါ လေပြင်းဘေးကြိုတင်ကာကွယ်ရေးစီမံချက်ဖြင့် ဆီဆိုင်မြို့နယ်အတွင်းရှိ ပါလောပါကယ်ကျေးရွာအုပ်စုမှ နေအိမ်အလုံး (၅၀)၊ ဘန်းယဉ်ကျေးရွာအုပ်စုမှ နေအိမ်အလုံး (၅၀)၊ ပင်စုံကျေးရွာအုပ်စုမှ နေအိမ်အလုံး (၅၀)နှင့် လွယ်ပွတ်ကျေးရွာအုပ်စုမှ နေအိမ်အလုံး (၅၀)တို့အတွက် နေအိမ်တစ်လုံးတွင် ငွေကျပ် (၆၃၀၀၀)နှုန်းဖြင့် စုစုပေါင်း နေအိမ်အလုံးရေ (၂၀၀)အတွက် စုစုပေါင်း ငွေကျပ် (၁၂၆၀၀၀၀၀)ကို ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)