မိုင်းခုတ် ဇန်နဝါရီ ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ မိုင်းလုံးကျေးရွာအုပ်စုကျေးရွာ အားကစားကွင်းတွင် ယမန်နေ့ မွန်းလွဲ (၁) နာရီခွဲအချိန်က မိုင်းလုံးကျေးရွာအုပ်စုတွင် (၁၇) ကြိမ်မြောက် လားဟူရိုးရာနှစ်သစ်ကူးပွဲတော် အမှတ်တရ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာဇန်နဝါရီ (၇)ရက်နေ့မှ ဇန်နဝါရီ(၁၀) ရက်နေ့အထိ အသင်း(၅)သင်းတို့က (၄)ရက်တိုင်တိုင် ယှဉ်ပြိုင်ကစားခဲ့ရာ ဗိုလ်လုပွဲသို့ အမာနလူငယ်အသင်းနှင့် နမ်ပိန်းအသင်းတို့ တက်ရောက်လာပြီး ဗိုလ်လုယှဉ်ပြိုင်ရာတွင် အမာနလူငယ်အသင်းက (၂)ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့ပြီးနောက်ဆုပေးပွဲ အခမ်းအနားကို (၃) နာရီခွဲအချိန်ကစတင်ခဲ့ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအိုက်လူက ပထမဆုရရှိသော အမာနလူငယ်အသင်းအားလည်းကောင်း၊ ဒုတိယဆုရရှိသော နမ်ပိန်းလူငယ်အသင်းအား ဘောလုံးပွဲဖြစ်မြောက်ရေးကော်မတီဥက္ကဠ ဦးစိန်မြင့်ကလည်ကောင်း၊ တတိယဆုရရှိသော လားဟူရှီလူငယ်အသင်းအား ကျေးရွာအုပ်စုစာရေးမှလည်းကောင်း ရှေ့တန်းအကောင်းဆုံးဆု၊ အလယ်တန်းအကောင်းဆုံးဆု၊ နောက်တန်း အကောင်းဆုံးဆု၊ ဂိုးသွင်းအများဆုံးဆုနှင့် အကောင်းဆုံးဂိုးသမားဆုတို့ကို ရပ်မိရပ်ဖများနှင့် သက်ဆိုင်ရာတာဝန်ရှိသူတို့က ချီးမြင့်ခဲ့ရာ ဆုရရှိသူများမှ အသီးသီးလက်ခံ ရယူခဲ့ကြောင်း သိရသည်။
အောင်လွင်ဌေး(ပြန်/ဆက်)