ပင်လောင်း ဇန်နဝါရီ ၁၄
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းခန်းမ၌ ကျင်းပရာ စုံညီပွဲတော်အား အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက “အလှစစ်ဂုဏ်ရည် ထ(၁)စုံညီ” သီချင်းဖြင့် သီဆိုဖျော်ဖြေ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်ပညာရေးမှူး ဦးတင်ငွေက အမှာစကားပြောကြားပြီး၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင် ဦးမြင့်လွင်က ကျောင်းလှုပ်ရှား ဆောင်ရွက်ချက်များနှင့် ဦးစိုင်းချစ်အုံးက ငွေစာရင်းရှင်းတမ်းများ ရှင်းလင်းပြောကြားကြကြောင်း၊ ယင်းနောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မိုးဖြူတို့က ကျောင်း၏ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများနှင့် ကျေးဇူးတင်စကားပြောကြားသည်။
ထို့နောက် ဖိတ်ကြားသည့် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာကြီး/ ကျောင်းအုပ်ဆရာမကြီးများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များ၊ တို့က ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ဘက်စုံထူးချွန်ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများ၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်သည့် ကျောင်းသား/ကျောင်သူများနှင့် ကျောင်းတက်မှန်ဆု ရရှိသည့် ဆရာ/ဆရာမများအား ဆုများချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း၊ ယင်းနောက် စုံညီပွဲတော် ဒုတိယပိုင်းအစီအစဉ်တွင် ကျောင်းသား/ကျောင်းသူများ၏ အကပဒေသာများဖြင့် ဆက်လက်ကပြဖျော်ဖြေပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်