လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ဆိုလာစွမ်းအင်သုံး ရေသန့်စင်စနစ်အသုံးပြု၍ သောက်သုံး‌ရေစတင်ပေးဝေခြင်း အခမ်းအနားကျင်းပ

လှိုင်သာယာ(အရှေ့ပိုင်း) ဇန်နဝါရီ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဆိုလာစွမ်းအင်သုံးရေသန့်စင်စနစ်အသုံးပြု၍ သောက်သုံးရေစတင်ပေးဝေခြင်း အခမ်းအနားကို ယမန်နေ့နံနက်(၇)နာရီ၌ အမှတ်(၇)ရပ်ကွက်၊ တေးဥယျာဉ်မင်္ဂလာကန်‌တော်တွင် ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်နှင့်၀န်ကြီးများ၊ ရန်ကုန်မြို့‌တော်စည်ပင်သာယာ‌ရေး၊ ခရိုင်စီမံအုပ်ချုပ်‌ရေးအဖွဲ့မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ၊ ဌာနဆိုင်ရာတာ၀န်ရှိသူများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။

အခမ်းအနားတွင် တေးဥယျာဉ်မင်္ဂလာကန်တော်တည်ဆောက်ရခြင်းနှင့် အကျိုးပြုမှုများကို ရှင်းလင်းတင်ပြပြီး ရေသိုလှောင်နိုင်မှု ပမာဏ ၅.၁၀ ဂါလံ သန်းနှင့် ၂.၁ ဧက ကျယ်၀န်းကြောင်းနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ ရပ်ကွက်အတွင်းရှိ ပြည်သူများ နွေရာသီတွင် သောက်သုံးရေများပြတ်လပ်မှုမဖြစ်စေရန် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းနှင့် အဆိုပါအခမ်းအနားအား ရန်ကုန်မြို့တော်စည်ပင်သာယာရေးဝန်ကြီး ဦးဗိုလ်ဌေးက ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ရန်ကုန်တိုင်း‌ဒေသကြီး ၀န်ကြီးချုပ်ဦးစိုးသိန်း၊ ၀န်ကြီးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဘောနှင့်အဖွဲ့၀င်များ၊ မြို့နယ်ဌာနဆိုင်ရာ တာ၀န်ရှိသူများက မင်္ဂလာကန်‌တော်ကို လှည့်လည်ကြည့်ရှုစစ်ဆေးလျက်ရှိကာ တာ၀န်ရှိသူများကို လိုအပ်သည်များ မှာကြားလျက်ရှိကြောင်း သိရသည်။

ခင်၀င်းမူ(ပြန်/ဆက်)