Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာရာ ပြည်သူများ လာရောက်ကြည့်ရှု
Oct 08,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့်ပြည်သူများ ဆန္ဒမဲပေးနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများကို စက်တင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းကစတင်၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအသီးသီး၌ ကပ်ထားကြေညာလျက်ရှိရာ ပြည်သူများလာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကန့်ဘလူမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ရပ်ကွက်/ ကျေးရွာများအလိုက် ဆက်လက်ကပ်ထား ကြေညာ
Oct 08,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူများ၏မဲစာရင်းများကို ရပ်ကွက်/ ကျေးရွာများ အလိုက် ပထမအကြိမ်ကပ်ထားကြေညာခြင်းကို စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၁၃ ရက်နေ့အထိ သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် ကပ်ထားကြေညာထားကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သာပေါင်းမြို့နယ်တွင် သီတင်းကျွတ်လပြည့်ကျော်(၁)နေ့ ည၌ ပန်း၊ ရေချမ်း၊ ဆီမီးထွန်းညှိကပ်လှူပူဇော်ခြင်းတို့ဖြင့် စည်ကား
Oct 08,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ယနေ့ သာသနာနှစ်-၂၅၆၉၊ မြန်မာသက္ကရာဇ် သက္ကရာဇ် ၁၃၈၇ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့၊ သီတင်းကျွတ်လပြည့်ကျော်(၁)ရက်နေ့ည၌ အမှတ်(၂) ရပ်ကွက် ငြိမ်းချမ်းပြည့်ဝအောင်သိဒ္ဓိစေတီတော်ကြီးတွင် ညနေအချိန်မှ စတင်၍ ဗုဒ္ဓဘာသာဝင်သူတော် ကောင်းအပေါင်းတို့က ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူထွန်းညှိ့ပူဇော်ကြသည်။
အပြည့်အစုံ ဖတ်ရန်
တိုင်းဒေသကြီးဝန်ကြီးချုပ် ရွေးကောက်ပွဲနှိုးဆော် အသိပညာပေးဆိုင်ရာ မြေစိုက်ပိုစကာ (Billboard)စိုက်ထူခြင်းအခမ်းအနား တက်ရောက်
Oct 08,2025
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၈)ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ရာ ပြည်သူများအနေဖြင့် နိုင်ငံသားတစ်ဦး၏ အခွင့်အရေးဖြစ်သော ဆန္ဒမဲ ပေးနိုင်စေရေးအတွက် ရွေးကောက်ပွဲနှိုးဆော် အသိပညာပေးဆိုင်ရာ မြေစိုက်ပိုစကာ(Billboard) စိုက်ထူခြင်းအခမ်းအနားကို အောက်တိုဘာ ၇ ရက်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမရှေ့တွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သာပေါင်းမြို့အဝင်နေရာ၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ “နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့ မဲပေးကြပါစို့” မြေစိုက်ပိုစတာ စိုက်ထူ
Oct 08,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊မြို့အဝင်နေရာ၌ အောက်တိုဘာလ ၇ ရက်နေ့ နံနက် ၉ နာရီက ၂၀၂၅ ခုနှစ်၊ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ “နိုင်ငံသားအခွင့်အရေး မဆုံးရှုံးဖို့ မဲပေးကြပါစို့” မြေစိုက် ပိုစတာစိုက်ထူခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ငရုတ်ကောင်းမြို့၌ လူစည်ကားရာနေရာတွင် “နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့ မဲပေးကြပါစို့” မြေစိုက်ပိုစတာ စိုက်ထူ
Oct 08,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ပြည်သူများ ဆန္ဒမဲပေးနိုင်ရေးအတွက် “နိုင်ငံသားအခွင့်အရေး မဆုံးရှုံးဖို့မဲပေးကြစို့” ဗီနိုင်းပိုစတာကို ငရုတ်ကောင်းမြို့ပေါ် လမ်းဆုံ၌ အောက်တိုဘာလ ၇ ရက်နေ့ ညနေ ၃ နာရီက စိုက်ထူခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့၊ ချမ်းမြဝတီရပ်ကွက်ရှိ ပြည်သူ့ဥယျာဉ်တွင်ကျင်းပပြုလုပ်သည့် သီတင်းကျွတ်ပွဲတော်သို့ သွားရောက်ကြည့်ရှု…
Oct 08,2025
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများသည် အောက်တိုဘာလ ၇ ရက်၊ ညနေပိုင်းတွင် မုံရွာမြို့၊ ချမ်းမြဝတီ ရပ်ကွက် မြေဧက ၃၂ ဧကကျော်ရှိ ပြည်သူ့ဥယျာဉ်အတွင်း ကျင်းပပြုလုပ်လျက်ရှိသည့် ၁၃၈၇ ခုနှစ်၊ သီတင်းကျွတ်ပွဲတော်သို့ရောက်ရှိရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ ဝန်ကြီးဌာနများ၊ မုံရွာမြို့ပေါ်ရှိ ဆန်/ဆီကုန်သည်ကြီးများအသင်းများ၊ ပုဂ္ဂလိကဘဏ်/ဆေးရုံ/ ကိုယ်ပိုင် ကျောင်းများနှင့် ကုန်စည်ဒိုင်များမှ သီတင်းကျွတ်ပွဲတော်သို့ လာရောက်ကြသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ မုံရွာမြို့ပေါ်ရှိတက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ကျောင်းသား၊ ကျောင်းသူများနှင့် မြို့နေပြည်သူများအား စတုဒီသာမဏ္ဍပ် ၁၇ ခုမှ စားသောက်ဖွယ်ရာများ ကျွေးမွေးဧည့်ခံနေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းရယ်မြို့နယ် သံတောင်ဉီးသကြားစက်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်အကြောင်း ရှင်းလင်းပွဲပြုလုပ်
Oct 08,2025
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုင်းရယ်မြိုနယ်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီးတွင် လွှတ်တော်အသီးသီးတွင် မဲပေးနိုင်ရန်အတွက် မြန်မာအီလက်ထရောနစ်မဲပေးစက်အကြောင်း ရှင်းလင်း ပြောကြားခြင်းနှင့် သရုပ်ပြမဲပေးခြင်းကို အောက်တိုဘာလ ၇ ရက်နေ့ နံနက် ၁၁ နာရီက ခိုဆိုင်းကျေးရွာအုပ်စုအတွင်းရှိ သံတောင်ဉီး သကြားစက်သို့သွားရောက်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
207
Page
208
Page
209
Page
210
Current page
211
Page
212
Page
213
Page
214
Page
215
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department