အမြို့မြို့အနယ်နယ်သတင်းများ

May 16,2026
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ စိုက်ပျိုးလျက်ရှိသော အဓိက သီးနှံများ ပန်းတိုင်အထွက်နှုန်းတိုးတက်စေရေး သီးနှံမျိုးစေ့များ ပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ရာ အခမ်းနားသို့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့် ခရိုင်နှင့်မြို့နယ် စိုက်ပျိုးစွမ်းအား မြှင့်တင်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
May 16,2026
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ Wilmar Myanmar ကုမ္ပဏီ၏ဖြန့်ဝေမှုဖြင့် ရောင်းချလျက်ရှိသော စားအုံးဆီလက်လီလက်ကား ဖြန့်ဖြူးရောင်းချလျက်ရှိသည့် အရောင်းဆိုင်များကို တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးသည်။
May 16,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်မည့် ခရိုက္ခနိကျေးရွာ အရှေ့မြောင်းပေါ်တွင်တည်ဆောက်မည့် Check Gate နေရာအား ယမန်နေ့ညနေပိုင်းက ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးသန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇင်ဟိန်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်(အင်းစိန်) ဦးဝင်းထွန်းနိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းနှင့် ဌာနဆိုင်ရာများ ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။
May 16,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနမှ ရက်(၁၀၀)စီမံချက်ဖြင့် သက်ကြီးရွယ်အိုများအား ကျန်းမျာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ညောင်ချောင်း ကျေးလက်ကျန်းမာ‌ရေးဌာနခွဲ ချောင်းဦးကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်သည်။
May 16,2026
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ၂၀၂၆-၂၀၂၇ ခု ဘဏ္ဍာရေးနှစ် အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် ဝါစိုက်တောင်သူများ ဝါသီးနှံအထွက်နှုန်းတိုးတက်ရေး တောင်သူနည်းပညာပေးသင်တန်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကဖြူကျေးရွာအုပ်စု သပြေပင်ကျေးရွာတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
May 16,2026
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ ကံမြင့်ကျေးရွာတွင် ရက် ၁၀၀ စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန် ကွင်းဆင်းဆောင်ရွက်ခြင်း၊ ဂရန်လျှောက်လွှာများ ပေးအပ်ခြင်းနှင့် လက်ခံခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၂)နာရီက ကံမြင့်ကျေးရွာ ​ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။