အမြို့မြို့အနယ်နယ်သတင်းများ

May 15,2026
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ သစ်တောဦးစီးဌာနမှ ရာသီဉတုဒဏ်ကာကွယ်နိုင်ရေးနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေးအတွက် ၂၀၂၆ခုနှစ်၊ မိုးရာသီသစ်ပင် စိုက်ပျိုးရန် ပျိုးပင်ပေါင်း၂၈၇၀၅ပင်ကို ပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်လင်းအောင်ထံက သိရသည်။
May 15,2026
မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးထွန်းဇော်ဦးသည်ရက်(၁၀၀)စီမံချက်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးထားသော ကျောက်ဆည်မြို့နယ် ရွှေလေးကျေးရွာ ရွှေလေးစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်း အသင်းသားတောင်သူ ဦးဝင်းသိန်း၏ ကွင်းအမှတ်(၁၃၇/က)၊ ဦးပိုင် အမှတ်(၁၀/၁)တွင် စိုက်ပျိုးထားသော ရွှေမနော် နွေစပါးစိုက်ခင်း ၅ ဧက၌ ပေါင်းနုတ်ခြင်း၊ တမန်းနိုးခြင်း၊ သွင်းအားစု မြေဩဇာကျဲပက်နေမှုများအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး တစ်ဧက ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်ရေး (မျိုး၊မြေ၊ရေ၊နည်း)များဖြင့် စနစ်တကျ စိုက်ပျိုးသွားကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
May 15,2026
နွားထိုးကြီးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဗျူဟာမှူး ဗိုလ်မှူးကြီး သိန်းဇော်နှင့် နွားထိုးကြီးမြို့ ဌာနဆိုင်ရာအကြီးအကဲများ တွေ့ဆုံပွဲကို မေလ ၁၄ ရက်နေ့ နံနက် ၉ နာရီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
May 15,2026
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ အဆင့်မြှင့်ဈေးကြီးတစ်ခု ပေါ်ထွက်လာစေရန် မင်းဘူးမြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် တော်ဝင်ချမ်းသာ ဆောက်လုပ်ရေးကုမ္ပဏီလိမိတတ်တို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်သည့် အဆင့်မြင့်ဈေးဆိုင်ခန်းများ ဆောက်လုပ်ပြီးစီး၍ ယမန်နေ့ နံနက် ၈ နာရီအချိန်က အဆိုပါဈေး၌ စတင်ဖွင့်လှစ်ပေးခဲ့ကာ အဆင့်မြင့်ဈေးဆိုင်ခန်းအသစ်များ ဆောက်လုပ်ရောင်းချမှုမှ နိုင်ငံတော်ဘဏ္ဍာအတွက် ကျပ်သန်းပေါင်း ၁၅၀၀ ကျော် ရရှိခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။
May 15,2026
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ရန်ကုန်သူနာပြုတက္ကသိုလ်မှ သူနာပြုသိပ္ပံ (ပုံမှန်) သင်တန်းသား/သူများ ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းအချိန်ကမြို့နယ် အမှတ် (၅) ရပ်ကွက်အတွင်း ကွင်းဆင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
May 15,2026
နွားထိုးကြီးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ရက်(၁၀၀)စီမံချက်ဖြင့် နွားထိုးကြီးမြို့မအုပ်စုရှိ တောင်သူများအား ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ) ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးသင်တန်းကို ယနေ့ နံနက်ပိုင်းက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
May 15,2026
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်အတွင်းရှိ ကျေးရွာချင်းဆက်လမ်းများဖြစ်သည့် အိုးဖိုအနောက်-ခလုပ်-အုန်းပင်ချောင်း-ရွှေလှေချောင် (တွံ) လမ်းပိုင်း ကွန်ကရစ်ခင်းရန်အရှည် ၆၂၅၀ ပေ ဆက်လက်ခင်းပေရန်ကျန်ရှိမှုကို ယမန်နေ့နံနက် (၉) နာရီအချိန်က အဆိုပါကျေးရွာလမ်းအား ပူးပေါင်းအဖွဲ့မှ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။