မိုင်းခုတ်မြို့၊ အခြေခံပညာမူလတန်းကျောင်း(ဟိုခန့်)၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကျင်းပ

မိုင်းခုတ် ဇန်နဝါရီ ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ အခြေခံပညာမူလတန်းကျောင်း (ဟိုခန့်)၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့ နံနက်(၁၀:၀၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဉီးစွာ မိုင်းခုတ်မြို့၊ နယ်မြေခံတပ်နယ်မှ တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီးသိန်းဇော်မိုးနှင့် အခြေခံပညာမူလတန်းကျောင်း(ဟိုခန့်)မှ ကျောင်းအုပ်ဆရာမကြီးဒေါ်ဟေမာထွန်း တို့ကအဖွင့်အမှာစကားပြောကြားခဲ့သည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် (A)အဆင့်ဖြင့်အောင်မြင်သော စတုတ္ထတန်းမှ KG တန်း အထိ ဆုရရှိ သောကျောင်းသား၊ ကျောင်းသူများနှင့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အားကစား ပြိုင်ပွဲများတွင်ဆုရရှိသောကျောင်းသား၊ ကျောင်းသူများအား နယ်မြေခံတပ်နယ်မှူးဒုတိယဗိုလ်မှူးကြီးသိန်းဇော်မိုး၊ မိုင်းခုတ်မြို့ မြို့အုပ်ချုပ်ရေးမှူးဦးမျိုးသန့်နှင့် တာဝန်ရှိသူတို့က ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းများအား ပေးအပ်ချီးမြှင့်ခဲ့ကြပြီး အ.မ.က(ဟိုခန့်)မှ ကျောင်းအုပ်ဆရာမကြီးဒေါ်ဟေမာထွန်းမှ ကျောင်းအတွက်အဘက်ဘက်မှ ကူညီပံပိုးပေးသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများအားပေးအပ်ခဲ့ကြောင်း သိရသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများက အကပဒေသာများဖြင့် ကပြဖျော်ဖြေ တင်ဆက်ရာအခမ်းအနားသို့တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များက ဂုဏ်ပြုဆုတော်ငွေများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အောင်လွင်ဌေး(ပြန်/ဆက်)