အမြို့မြို့အနယ်နယ်သတင်းများ

Jan 08,2025
ပဲခူးတိုင်း​ဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ E-Cigarette နှင့် Vape သုံးစွဲမှုကင်းဝေးစေရေးအတွက် ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း(ဝေါ)ရှိ သီရိဇေယျာခန်းမတွင် E-Cigarette နှင့် Vape အန္တရာယ်အသိပညာပေးဟောပြောပွဲကျင်းပကြောင်း သိရသည်။
Jan 08,2025
ဧရာဝတီတိုင်း‌ဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ကျွန်းသာယာကျေးရွာအုပ်စုသို့ ယနေ့နံနက်(၈)နာရီအချိန်၌ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ကွင်းဆင်း၍ ကျွဲ၊ နွား မွေးမြူထားရှိသော တောင်သူများနှင့်တွေ့ဆုံကာ ကျွဲ၊ နွားများနှင့်ပတ်သတ်သည့် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာများနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောခြင်း၊ ကျွဲ၊ နွားများအတွက် အာဟာရဆားတုံးများ ဖြန့်ဝေပေးခြင်း၊ ကျွဲ၊ နွားများအား ကာကွယ်ဆေးထိုးနှံပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။
Jan 08,2025
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ စာအုပ်စာ‌စောင်ပြပွဲနှင့် နံရံကပ်စာ‌စောင်ပြပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။
Jan 08,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “လူရည်ချွန်”စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ရန်ရှင်း-၃ ကျေးရွာရှိ အဆိုပါစာကြည့်တိုက်အဆောက်အအုံရှေ့တွင် ကျင်းပခဲ့ကြောင်း သိရသည်။
Jan 08,2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အခြေခံပညာဦးစီးဌာနနှင့်ပူး‌ပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြသခြင်းများကို ယနေ့နံနက်ပိုင်းက အ.မ.က မာလိကာ(တောင်ကလေး)ကျောင်းသို့ သွားရောက်ဆောင်ရွက်ခဲ့ကြ‌သည်။
Jan 08,2025
တနင်္သာရီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးသက်နိုင်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန မြိတ်မြို့သားဖွားသင်တန်းကျောင်းတွင် ကျင်းပသည့် သစ်လွင်သားဖွားဆရာမများ ရာထူးတာဝန် ခန့်အပ်လွှာ အပ်နှင်းပွဲတက်ရောက်ခဲ့ကြသည်။
Jan 08,2025
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ သရက်-မင်းလှလမ်းမှဓါတ်ကုန်း-ပေါက်တောလမ်းပေါ်ရှိ ရေကျော် R.C.CBox ပါသော ရေကျော်(၂၂၀)ပေ(67.05m) တည်ဆောက်ခြင်းလုပ်ငန်းအား ကွင်ဆင်းကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့မွန်းလွဲ(၂)နာရီက ဆောင်ရွက်ခဲ့သည်။
Jan 08,2025
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့သည် ရေခံမြေခံကောင်း၍ စိုက်ပျိုးရေးကို အခြေခံသည့် မြို့တစ်မြို့ဖြစ်သည်နှင့်အညီ ရာသီအလိုက် ဟင်းသီးဟင်းရွက်မျိုးစုံကို စိုက်ပျိုးလုပ်ကိုင်ကြရာ ဆလပ်ပင်များအား စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်လျက်ရှိသည်။