ပြည်ကြီးမဏ္ဍိုင်မြို့တွင် ဆလပ်ပင်အရွယ်အစားပေါ် မူတည်၍ ဈေးကောင်းရရှိ

ပြည်ကြီးမဏ္ဍိုင် ဇန်နဝါရီ ၈

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့သည် ရေခံမြေခံကောင်း၍ စိုက်ပျိုးရေးကို အခြေခံသည့် မြို့တစ်မြို့ဖြစ်သည်နှင့်အညီ ရာသီအလိုက် ဟင်းသီးဟင်းရွက်မျိုးစုံကို စိုက်ပျိုးလုပ်ကိုင်ကြရာ ဆလပ်ပင်များအား စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်လျက်ရှိသည်။

ဒေသခံများသည် အိမ်ရှိမြေကွက်လပ်များတွင်လည်းကောင်း၊ ဥယျာဉ်ခြံများတွင်လည်းကောင်း သခွား၊ ငရုပ်၊ ဘူးသီး၊ ခဝဲ၊ ရုံးပတီ၊ ပဲသီး၊ ခရမ်း၊ ဥမုန်လာ၊ ဆလပ်၊ ပန်းဂေါ်ဖီနှင့် အခြားဟင်းသီး ဟင်းရွက်မျိုးစုံကို ရာသီအလိုက် စိုက်ပျိုးကြရာ ဆလပ်များကို မျိုးစေ့ကျဲပြီးမှ  အပင်ပေါက်များ ပြန်လည်ခွဲထုတ်စိုက်ပျိုးခြင်း၊ အပင်များလှပစေရန်နှင့် ပိုးမွှားကျရောက်ခြင်းအန္တရာယ်မှ ကာကွယ်ရန်အတွက် သဘာဝမြေဩဇာများကျွေးခြင်း၊ ပိုးသတ်ဆေးများ ပက်ဖျန်းပေးခြင်းဖြင့် စိုက်ပျိုးလျက်ရှိရာ ယခုအခါ ဆလပ်ပင် အရွယ်အစားပေါ်မူတည်၍ အပင်ကြီးတစ်ပင်လျှင် (၁၃၀၀)ကျပ်၊ အပင်သေးတစ်ပင်လျှင် (၁၀၀၀)ကျပ်မှ (၁၁၀၀)ကျပ်အထိ ဈေးကောင်းရရှိပြီးထွက်ရှိသည့် ဆလပ်များကို ပြည်ကြီးမဏ္ဍိုင်ရပ်ကွက်ရှိ ဈေးဆိုင်များတွင် ဖောက်သည်ပေးခြင်း၊ ခြံတွင်းသို့ ကိုယ်တိုင်လာရောက်ဝယ်ယူခြင်းများလည်းရှိကြောင်း ဆလပ်စိုက်ပျိုးရေးလုပ်ကိုင်သော တောင်သူတစ်ဦးထံမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)