အမြို့မြို့အနယ်နယ်သတင်းများ

Jan 08,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား/ ကျောင်းသူများ စာဖတ်သည့်အလေ့အကျင့်များ ရရှိစေရန်နှင့် စာပေဝါသနာပါသူအချင်းချင်း ရင်းနှီးစေရန်အတွက် Book Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသော “ဘဝပန်းတိုင်” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီက မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 08,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ ကမ်းနားကွင်းကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘက်စုံပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Jan 08,2025
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်း ဒေသခံတောင်သူများသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းအပြင် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိသည့် မီးဖိုချောင်သုံးစားပင်သီးနှံများ၊ ပန်းများကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးလုပ်ကိုင်လာကြပြီး စိုက်ခင်းများအောင်မြင်ဖြစ်ထွန်းကာ မိသားစုစီးပွားရေးအဆင်ပြေလျက်ရှိကြောင်း စိုက်ပျိုးသူတောင်သူများထံမှ သိရသည်။
Jan 08,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စည်ပင်သာယာရေးကော်မတီအဖွဲ့မှပြည်သူများ ကြွပ်ကြွပ်အိတ်၊တစ်ခါသုံးပလတ်စတစ်အိတ်များ လျော့နည်းသုံးစွဲစေရေးအတွက် အပတ်စဥ်ဗုဒ္ဓဟူးနေ့တိုင်း ပလတ်စတစ်အိတ် သုံးစွဲမှုမရှိစေရေးနှင့်အစားထိုး သုံးစွဲလိုက်နာဆောင်ရွက်မှုရှိစေရေး အသိပညာပေး ကြပ်မတ်စစ်ဆေးခြင်းတို့ကို ယမန်နေ့ ဇန်နဝါရီလ ၈ ရက်နေ့ နံနက် ၇ နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် သီရိရွှေသာဈေးအတွင်းတွင် ဆောင်ရွက်ကြသည်။
Jan 08,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ မြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များအား ကျန်းမာရေးနှင့် အာဟာရဖွံ့ဖြိုးစေရေး၊ ကျောင်းသား၊ ကျောင်းသူများ ပညာသင်အခွင့်အလမ်းများ ပိုမိုရရှိစေရေးအတွက် စဥ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်(၈)နာရီက အမှတ်(၂)ရပ်ကွက်ရှိ မင်္ဂလာကံကျောင်းတိုက်ရှိ ကျောင်းသား၊ ကျောင်းသူများအား စာအုပ်နှင့် စာရေးကရိယာများ ပေးအပ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
Jan 08,2025
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ ချောင်းကောက်ကျေးရွာအတွင်းရှိ အထွေထွေရောဂါဝေဒနာလူနာများအား ရောဂါဝေဒနာခံစားရမှု သက်သာပျောက်ကင်းစေရန်အတွက် မင်းဘူးမြို့ ပြည်သူ့ဆေးရုံအုပ်ကြီးဦးဆောင်သော အထူးကုဆရာဝန်ကြီးများအဖွဲ့က ယနေ့ နံနက်ပိုင်းအချိန်က ချောင်းကောက်ကျေးရွာတိုက်နယ်ဆေးရုံ၌ အခမဲ့ နယ်လှည့်ကွင်းဆင်း ဆေးကုသပေးခဲ့ကြောင်း သိရသည်။
Jan 08,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မုံရွာတက္ကသိုလ်တို့ပူးပေါင်းပြီး တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် လူသားတစ်ဦး၏ ရပိုင်ခွင့်များ အပြည့်အဝရရှိစေရန်၊ နိင်ငံသားအခွင့်အရေးစံချိန်များ  ခံစားခွင်ရရှိစေရန်၊ စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရန်၊ စားသုံးသူနစ်နာမှုများ အကာအကွယ်ပေးရန်၊ စားသုံးသူမကျေနပ်မှုများ ဖြေရှင်းပေးရန်၊ စားသုံးသူ အသိပညာပေးခြင်များ ဆောင်ရွက်ပေးရန်တို့ရည်ရွယ်ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီက အဆိုပါ မုံရွာတက္ကသိုလ်ရှိ ဘွဲနှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jan 08,2025
မကွေးတိုင်းဒေသကြီး၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ကြီးမှူး၍  တိုင်းရင်းသားရေးရာနှင့် ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲအခမ်းအနားကို ဇန်နဝါရီလ ၇ ရက်နေ့က မကွေးမြို့နယ်၊ ကန်ပြားကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းတွင်ကျင်းပသည်။