သရက်-မင်းလှ လမ်းမှ ဓါတ်ကုန်း-ပေါက်တောလမ်းပေါ်ရှိ ရေကျော် R.C.C Box ပါသော ရေကျော်(၂၂၀)ပေ (67.05m) တည်ဆောက်ခြင်းလုပ်ငန်းအား ကွင်းဆင်းကြည့်ရှု

သရက် ဇန်နဝါရီ ၈

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ သရက်-မင်းလှလမ်းမှဓါတ်ကုန်း-ပေါက်တောလမ်းပေါ်ရှိ ရေကျော် R.C.CBox ပါသောရေကျော်(၂၂၀)ပေ(67.05m) တည်ဆောက်ခြင်းလုပ်ငန်းအား ကွင်ဆင်းကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့မွန်းလွဲ(၂)နာရီက ဆောင်ရွက်ခဲ့သည်။

အဆိုပါလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် သရက်မြို့နယ်တွင် ကျေးလက်လမ်း၊ တံတားလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယခု ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စု (ငွေလုံးငွေရင်း) ရန်ပုံငွေကျပ်(၂၄၃.၇၅)သန်းဖြင့် ထနောင်းမြန်မာ (ကုမ္ပဏီ)မှ တာဝန်ယူတည်ဆောက်သော သရက်-မင်းလှလမ်းမှ ဓါတ်ကုန်း-ပေါက်တောလမ်း ပေါ်ရှိရေကျော် R.C.C Box ပါသောရေကျော်(၂၂၀)ပေ (67.05m) တည်ဆောက်ခြင်းလုပ်ငန်းအား သရက်မြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ အငယ်တန်းအင်ဂျင်နီယာ-၁(မြို့ပြ)နှင့် ရုံးချုပ်(QC) အဖွဲ့တို့မှ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ကွင်းဆင်းကြည့်ရှစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)