ဝေါ ဇန်နဝါရီ ၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျောင်းသား၊ ကျောင်းသူများ E-Cigarette နှင့် Vape သုံးစွဲမှုကင်းဝေးစေရေးအတွက် ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း(ဝေါ)ရှိ သီရိဇေယျာခန်းမတွင် E-Cigarette နှင့် Vape အန္တရာယ်အသိပညာပေးဟောပြောပွဲကျင်းပကြောင်း သိရသည်။
ဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဘက်စုံသားဖွားဆရာမဒေါ်တင်ဇာနွယ်က E-Cigarette နှင့် Vape သုံးစွဲမှုကြောင့်ဖြစ်ပေါ်လာနိုင်သည့်အကြောင်း အသိပညာပေးပြီးတက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကိုမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားဆွေးနွေးပေးသည်။ အဆိုပါအခမ်းအနားသို့ အခြေခံပညာအထက်တန်းကျောင်း(ဝေါ)မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ တက်ရောက်ကြောင်း သိရသည်။
မြို့နယ် ( ပြန်/ဆက်)