အမြို့မြို့အနယ်နယ်သတင်းများ

Dec 24,2021
ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ် မြောက်လွတ် လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် မြန်မာရိုးရာအားကစားတစ်မျိုးဖြစ်သည့် ဘက်စကတ် ဘောပြိုင်ပွဲကို ယမန်နေ့ညနေပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Dec 24,2021
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ်မြောက်လွတ်လပ်ရေး နေ့အထိမ်းအမှတ် (Talk Show) ကို မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့မွန်းလွဲ ၂ နာရီတွင် ကျင်းပခဲ့ သည်။
Dec 24,2021
ဧရာတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပုသိမ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံးတွင်ကျောင်းသား ၊ ကျောင်းသူများ အသိပညာ ဗဟုသုတများစွာ ရရှိစေရန်နှင့် ဉာဏ်ရည် ပိုမိုဖွံ့ဖြိုးတိုး တက်စေရန် ရည်ရွယ်၍ (၇၄) နှစ် မြောက် လွတ်လပ်ရေးနေ့ အကြို အထိမ်း အမှတ်အဖြစ် ပုံပြော၊ ကဗျာရွတ်၊ ဆေးရောင်ခြယ်ခြင်းများကို ယနေ့နံနက် (၁၀)နာရီက လူထုအခြေပြုဗဟိုဌာန စာကြည့်တိုက်ခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
Dec 24,2021
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရွာမကျေးရွာ အတွင်းရှိ နေအိမ်များအားမီးဘေးလုံခြုံရေး စစ်ဆေးခြင်းကို မီးသတ် တပ်ဖွဲ့ဝင် များက ယနေ့ နံနက် ၉ နာရီ အချိန်က မြေပြင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
Dec 24,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့တွင် မြို့နယ်အားကစား ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်အရ မြို့နယ်အားကစားနှင့် ကာယ ပညာဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကျင်းပသော ပြေးခုန်ပစ် အားကစားပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ဒီဇင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းက မီတာလေးရာ ပြည်သူ့အားကစားကွင်းတွင် ကျင်းပပြုလုပ်သည်။
Dec 24,2021
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် လက္ကောင်းကြီးကျေးရွာ အုပ်စု ကံဖြူ အနောက်ကွင်း ကွင်းအမှတ် (၂၂၅) ဦးပိုင် အမှတ် (၃၈) တောင်သူ ဒေါ်ချိုပြုံးရီ စိုက်ပျိုး ထားသော ရတနာတိုး မိုးစပါး ၀ဒဿမ၀၀၁ဧက စံကွက်ရိတ်သိမ်းပွဲကို ဒီဇင်ဘာ ၂၃ရက် နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Dec 24,2021
မိမိတို့ပတ်ဝန်းကျင်တွင် လူမှုဘဝရုန်းကန်နေထိုင်ကြရင်း ပတ်ဝန်းကျင်ကိုမည်သို့ ထိန်းသိမ်းရမည် ကို မေ့လျော့နေကြသည့် ပြည်သူများအား အသိပညာ ဗဟုသုတရရှိစေရေးအတွက် ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး Talk Show ကို ယနေ့ နံနက် ၁၀ နာရီခွဲတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 24,2021
ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ Community Center ခန်းမ၌ "ရည်မှန်းချက်နှင့်ပြဿနာအထွေထွေ" စာအုပ်ဖြင့် Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကို ယမန်နေ့က ပြုလုပ်ခဲ့သည်။