ရသေ့တောင်မြို့၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဘက်စကတ်ဘောပြိုင်ပွဲ ကျင်းပ

ရသေ့တောင် ဒီဇင်ဘာ၂၄

ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄) နှစ် မြောက်လွတ် လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် မြန်မာရိုးရာအားကစားတစ်မျိုးဖြစ်သည့် ဘက်စကတ် ဘောပြိုင်ပွဲကို ယမန်နေ့ညနေပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကလေးစာဖတ်ခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်စံထွန်းက ပြိုင်ပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၀) ဦးတို့မှ ပါဝင်ယှဉ်ပြိုင် ခဲ့ကြပြီး ဆုရရှိသူများအား မြို့နယ်ဦးစီးမှူးက ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆ်ဆံရေးဦးစီးဌာနအနေဖြင့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်း အမှတ် အဖြစ် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီဆွဲပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် အသိပညာပေး ဟောပြောပွဲ များအား ပညာရေးဌာနနှင့်ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်စံထွန်း(ပြန်/ဆက်)