အမြို့မြို့အနယ်နယ်သတင်းများ

Dec 25,2021
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို ပုံပြင်ပြောပြိုင်ပွဲကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club အသင်းတို့ ပူးပေါင်း၍ ယနေ့နံနက် (၉)နာရီက ကျင်းပ ပြုလုပ်ခဲ့သည်။
Dec 25,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်ကမ်းခြေ တွင်ခရစ္စမတ်ရုံးပိတ်ရက် ဖြစ်သည့်ယနေ့ (၂၅.၁၂.၂၀၂၁)ရက်နေ့တွင် လာရောက်အပန်းဖြေသူများဖြင့် စည်ကား လျှက်ရှိသည်။
Dec 25,2021
မွန်ပြည်နယ်၊ သထုံမြိုနယ်တွင် သာသနာရေးဦးစီးဌာနမှကျင်းပပြုလုပ်သော(၆၈) ကြိမ်မြောက်အဘိဓမ္မာ(ရိုးရိုး)စာမေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မြသပိတ်တောင်ခြေ၊ သဒ္ဒမ္မဇောတိကာရာမကျောင်းတိုက်ဝင်းအတွင်းရှိ သုဝဏ္ဏဘူမိပရိယတ္တိသာသနာ့ဟိတအသင်း စာဖြေဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။ 
Dec 25,2021
ပုသိမ်ခရိုင်၊ ချောင်းသာမြို့ရှိ ချောင်းသာကမ်းခြေ၌ အနယ်နယ်အရပ်ရပ်မှလာရောက်အပမ်း ဖြေသူများ ယနေ့နံနက်ပိုင်းက စည်ကားများပြားလျက်ရှိကြောင်း သိရသည်။
Dec 25,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊လွိုင်လင်ခရိုင်၊မိုင်း နောင်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre) ခန်းမတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြပွဲ၊ပြိုင်ပွဲများကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်ကဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။