မိုင်းနောင်မြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြပွဲ၊ ပြိုင်ပွဲများပြုလုပ်ကျင်းပ

မိုင်းနောင်  ဒီဇင်ဘာ ၂၅ 

ရှမ်းပြည်နယ်တောင်ပိုင်း၊လွိုင်လင်ခရိုင်၊မိုင်း နောင်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre) ခန်းမတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြပွဲ၊ပြိုင်ပွဲများကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်ကဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။ 

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၀န်ထမ်းများနှင့်အတူ စာပေဝါသနာရှင်များ၊Book Club အသင်း၀င် များက ပူးပေါင်းပါ၀င် ကာ ကျောင်းသား၊ကျောင်းသူများ ကျောင်းစာတွင်သာမက ပြင်ပ ဗဟုသုတများရရှိစေရန် နှင့် စာပေချစ်မြတ်နိုးသူများဖြစ်လာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများပြုလုပ် ဆွေးနွေး ခြင်းများဆောင်ရွက်ခဲ့သည်။

ဆက်လက်၍ သားငယ်၊သမီးငယ်များအား စာကြည့်တိုက်ကို  အသုံးပြုတတ်စေရန်  ၊အားလပ်ချိန်များကို   အကျိုးရှိစွာ  အသုံးချတတ်စေရန်၊  ဉာဏ်ရည်ဉာဏ်သွေး မြှင့်မားလာစေရန်၊  ကိုယ်ပိုင်တီထွင်  ဖန်တီးတတ်သည့်  အတွေးအခေါ်  များရရှိစေရန်  ပန်းချီ၊ဆေးရောင်ခြယ်ပြိုင်ပွဲ

များပြုလုပ်ပေးကာ ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ ပြီး (Community Center)ခန်းမခင်းကျင်းပြသထား‌ သော စာအုပ်၊စာ စောင်များအား ကြည့်ရှုလေ့လာခဲ့ကြောင်း သိရှိရသည်။

မနန်း