ချောင်းသာ ဒီဇင်ဘာလ ၂၅
ပုသိမ်ခရိုင်၊ ချောင်းသာမြို့ရှိ ချောင်းသာကမ်းခြေ၌ အနယ်နယ်အရပ်ရပ်မှလာရောက်အပမ်း ဖြေသူများ ယနေ့နံနက်ပိုင်းက စည်ကားများပြားလျက်ရှိကြောင်း သိရသည်။
ဒီနေ့က လာရောက်အပမ်းဖြေသူ အရမ်းများပါတယ်။ ခရစ္စမတ်ကာလမှာ ရုံးပိတ်ရက်၊အလုပ် ပိတ်ရက် ၃ ရက်ဆက်တိုက် ရက်ရှည်ရတော့ နေရာဒေသအစုံက လာလည်ကြ၊အပမ်းဖြေကြ တာများကြောင်း လူမှုဂရုဏာလုပ်ငန်းများ ဆောင်ရွက်သူ ဒေသခံချောင်းသာမြို့ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ တပ်ခွဲမှူး ဦးသန်းဌေးက ပြောသည်။
ချောင်းသာကမ်းခြေသို့ အစိုးရရုံးပိတ်ရက်နှင့် အများပြည်သူအလုပ်ပိတ်ရက်ရှည်မဟုတ်သည့် နေ့များတွင် ယခင်ကထက် လာရောက်လည်ပတ် အပမ်းဖြေသူ နည်းပါးသော်လည်းနေ့ကြီး၊ ရက်ကြီးနှင့် အလုပ်ပိတ်ရက်ရှည်များတွင် စည်ကားများကြောင်း သိရသည်။
ကျော်ကျော်