အမြို့မြို့အနယ်နယ်သတင်းများ

Dec 23,2021
မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင် ပွင့်ဖြုမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ၏ဦးဆောင် လမ်းညွှန်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ လုံခြုံရေး တပ်ဖွဲ့ ဝင်များပူးပေါင်းကာ ဒီဇင်ဘာလ ၂၂ ရက်နေ့ ညနေ၆နာရီအချိန်က မြို့ပေါ်ရပ်ကွက်များ တွင်နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ သတင်းထုတ်ပြန်ချက်အား အသံ ချဲ့စက်ဖြင့်လိုက်လံအသိပေး နှိုးဆော်ကြေညာခဲ့ကြောင်းသိရသည်။
Dec 23,2021
ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် ယနေ့နံနက် ၈ နာရီက ပလောက်မြို့ စည်ပင်သာယာစျေးကြီး အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Dec 23,2021
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကလေးငယ်များအားကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေး စေရန်ရည်ရွယ်၍ မွေးစမှ အသက်(၁)နှစ်ခွဲ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ တိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီး ဌာန၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Dec 23,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ် တားဆီးရေးဆိုင်ရာ အချက်များကို ယနေ့ နံနက်ပိုင်းက ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနမှ ဝန်ထမ်းများက ရပ်ကွက်နှင့် ကျေးရွာများသို့ သွားရောက်၍ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
Dec 23,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများအပါအဝင်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး တင့်ကျော်နှင့်ခရိုင် အဆင့်ဌာန ဆိုင်ရာ တာဝန်ရှိသူတို့သည် ယမန်နေ့နံနက်ပိုင်းကပွင့်ဖြူမြို့နယ် အရှေ့ပိုင်းရပ်ကွက်ဓမ္မာရုံတွင် ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ အသိပေးရှင်းလင်း ဆွေးနွေး ခဲ့ကြောင်းသိရသည်။
Dec 23,2021
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာလေမြို့တွင် ကိုဗစ်-၁၉ ရောဂါ လျော့နည်းကျဆင်းစေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရန် အများပြည်သူအား အသိပညာပေးခြင်းကို ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက  ကျေးရွာများအတွင်း အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ကြသည်။ 
Dec 23,2021
ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လသာမြို့နယ်၊ ပြန်ကြား​ရေးနှင့် ပြည်သူ့ဆက်ဆံ​ရေး ဦးစီးဌာနရုံး၌ ယမန်​နေ့​နေ့လယ် (၁)နာရီအချိန်က (၇၄)နှစ်​မြောက် လွတ်လပ်​ရေး​နေ့ အထိမ်းအမှတ်အကြို ကဗျာရွတ်ဆိုပြိုင်ပွဲ၊​ ဆေး​ရောင်ခြယ်ပြိုင်ပွဲနှင့် နံရံကပ်စာ​စောင်ပြပွဲများ ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။
Dec 23,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်၊ နောင်မိုကျေးရွာ အုပ်စု၊ နောင်အွန် ​ခန်းမ၌ တတိယအသုတ် (ဒုတိယအကြိမ်) တွင် ဆေးထိုးရန်ကျန်ရှိသည့် အသက်(၁၈)နှစ်အထက်  ဒေသခံပြည်သူများအား ယမန်နေ့ နံနက်ပိုင်းအချိန်မှ စတင်၍  ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm)ကို ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။