ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများပွင့်ဖြုမြို့နယ်သို့လာ‌ရောက်၍ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက်အသိပေးချပြဆောင်ရွက်

ပွင့်ဖြူ      ဒီဇင်ဘာ       ၂၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများအပါအဝင်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး တင့်ကျော်နှင့်ခရိုင် အဆင့်ဌာန ဆိုင်ရာ တာဝန်ရှိသူတို့သည် ယမန်နေ့နံနက်ပိုင်းကပွင့်ဖြူမြို့နယ် အရှေ့ပိုင်းရပ်ကွက်ဓမ္မာရုံတွင် ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ အသိပေးရှင်းလင်း ဆွေးနွေး ခဲ့ကြောင်းသိရသည်။

ထိုသို့‌ဆောင်ရွက်ရာတွင်ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့်တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့သည် ပွင့်ဖြူမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါ၍ မြို့နယ် အတွင်းရပ်ရွာ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများအပါအဝင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်း များအကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး အတွက်လာရောက်အသိပေး ရှင်းလင်းဆွေးနွေးခြင်းဖြစ်ပါကြောင်း၊ ဒေသခံပြည်သူများ အနေဖြင့် မိမိရပ်ရွာဖွံ့ ဖြိုးတိုးတက်ရေး ၊ နယ်မြေလုံခြုံရေး ၊ ကိုဗစ် - ၁၉ ကူးစက်ရောဂါ  ကြိုတင်ကာကွယ် ရေးအတွက် သတ်မှတ်ဆေးထိုး အကြိမ်ရေပြည့်မီအောင် ထိုးနှံကြရန်၊ ဒေသခံပြည် သူများအနေဖြင့် မိမိတို့ရပ်ရွာအေးချမ်း သာယာမှု ရှိစေရေး တို့ကို ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရန် အသိပေးချပြ ရှင်းလင်းဆွေးနွေး မှာကြားသည်။

ဆက်လက်၍ခရိုင်အဆင့် ရာဌာနဆိုင်ရာ တာဝန်ရှိသူများကမိမိတို့ဌာန အလိုက်ဒေသဖွံ့ဖြိုးရေးအတွက်အကောင် အထည် ဖော်ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ဌာနအလိုက်ချပြရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ထို့နောက်  ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများက မိမိတို့ရပ်ရွာ ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်လိုသည့် လုပ်ငန်းများနှင့် စပ်လျဉ်းပြီး သိရှိလို သည်များကို  မေးမြန်း ဆွေးနွေး ကြရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း ဖြေကြားပေး ခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးထွန်းထွန်းဝင်းနှင့်တာဝန်ရှိ သူများအဖွဲ့က ဒေသခံပြည်သူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိ နှိုင်းဆောင်ရွက်ပေးကာ နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအ တွက်အလေးထားလိုက်နာ သွားကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်းသိရသည်။ 

 ခင်ဝါဝါလှိုင် ( ပြန်/ဆက် )