Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ဒိုက်ဦးမြို့နယ်၌ မကူးစက်နိုင်သော ရောဂါများ ကာကွယ်ကုသရေး စီမံချက်ဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးမှု ကွင်းဆင်းဆောင်ရွက်
Dec 23,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ မကူးစက်နိုင် သော ရောဂါများ ကာကွယ်ကုသရေးစီမံချက်ဖြင့် ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မြို့နယ်ကျန်းမာရေးဦးစီး ဌာနမှူး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ဇော်ဝင်းအောင် ဦးစီးသော ကျန်းမာရေးဝန်ထမ်းများ က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စာရင်းစစ်ဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန နှင့် ဥပဒေရုံးမှ ဝန်ထမ်းများအား အရပ်တိုင်းတာခြင်း၊ ပေါင်ချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် ခြင်း၊ ဆီးချိုသွေးချိုဖောက်၍ စစ်ဆေးပေးခြင်းနှင့် ရောဂါတွေ့ရှိပါက ကုသမှုပေးခြင်း၊ လိုအပ် ပါက လွှဲပြောင်းကုသမှုပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မှော်ဘီမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်
Dec 23,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်အတွင်းရှိ မိဘပြည်သူများအား ကိုဗစ် - ၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းကို ယနေ့ နံနက်ပိုင်းက ရပ်ကွက်နှင့် ကျေးရွာများသို့ မော်တော်ယာဉ်ဖြင့် လှည့်လည်၍ တိုက်တွန်း နှိုးဆော်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အလုံမြို့နယ်၌ မြို့သန့်ရှင်းသာယာလှပစေရေး သန့်ရှင်းရေးဆောင်ရွက်
Dec 23,2021
မြို့သန့်ရှင့်သာယာလှပစေရေးအတွက် ရည်ရွယ်ကာ ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်တွင် ယမန်ရက်နေ့ ည(၉း၀၀) နာရီအချိန်က စုပေါင်း သန့်ရှင်းရေးလုပ် ငန်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။.
အပြည့်အစုံ ဖတ်ရန်
အလုံမြို့နယ်၌ အသက်(၁၈)နှစ်အထက် ရပ်ကွက်နေပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး (ပထမအကြိမ်) ထိုးနှံခြင်းများ ဆက်လက်ဆောင်ရွက်
Dec 23,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အ.ထ.က(၄)ကျောင်းရှိ သီရိရတနာခန်းမတွင် ယမန်နေ့နံနက် (၉း၀၀) အချိန်က အသက်(၁၈)နှစ်အထက် ရက်ကွက်နေပြည်သူများအား (ပထမအကြိမ်) ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းကို ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အမျိုးသမီးများဘဝတိုးတက်ဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စို့ Talk Show ကျင်းပ
Dec 23,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီ အချိန်က အွန်လိုင်းအသိပညာပေးခြင်း လုပ်ငန်းအဖြစ် အမျိုးသမီးများဘဝတိုးတက်ဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စို့ ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲ (Talk Show) ကို လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့တွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲနှင့်နှင့် ပုံပြောပြိုင်ပွဲ ကျင်းပ
Dec 23,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်းပြီး (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ယနေ့နံနက်ပိုင်းက အားကစားပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲကို ခရိုင်ပြည်သူ့ စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနနှင့် ကလေးစာဖတ် ခန်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ကာလိမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ (၄)ဦး ထပ်မံစစ်ဆေးတွေ့ရှိ
Dec 23,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၊ တိုက်နယ်ပြည်သူ့ဆေးရုံ၌ ယမန်နေ့ နေ့လယ် (၁၂) နာရီအချိန်ခန့်က ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ (၄) ဦး ထပ်မံစစ်ဆေး တွေ့ရှိခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အလုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာဖတ်ဝိုင်းကျင်းပ
Dec 23,2021
ပြည်သူများစာပေနှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာဖတ်သည့် အလေ့အထများ ရရှိစေရန်၊ အသိပညာ ဗဟုသုတရရှိစေရန်နှင့် လူအများနှင့် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အထများ ရရှိစေရန်အတွက် ရည်ရွယ်ကာ ယနေ့ နံနက် (၁၀) နာရီအချိန်က ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆကိဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
19427
Page
19428
Page
19429
Page
19430
Current page
19431
Page
19432
Page
19433
Page
19434
Page
19435
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department