တာလေ ဒီဇင်ဘာ ၂၃
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာလေမြို့တွင် ကိုဗစ်-၁၉ ရောဂါ လျော့နည်းကျဆင်းစေရေးနှင့် ကာကွယ်ထိန်းချုပ်နိုင်ရန် အများပြည်သူအား အသိပညာပေးခြင်းကို ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျေးရွာများအတွင်း အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ကြသည်။
ကိုဗစ်-၁၉ ရောဂါ အသိပညာပေးနှိုးဆော်ခြင်းများကို တာလေမြို့ရှိ ကျေးရွာများအတွင်း လူစည်ကားသည့်နေရာများသို့ သွားရောက်၍ ကာကွယ်ဆေးများ ထိုးနှံကြရန်၊ ကာကွယ်ဆေးများ ထိုးနှံရန် တစ်ဦးနှင့်တစ်ဦး အသိပေးကြပြီး တာဝန်ရှိသူများမှ ကျေးရွာများအထိ ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ အခမဲ့ထိုးနှံ ပေးလျက်ရှိရာ လူတိုင်းလာရောက်ထိုးနှံကြရန်နှင့် မလိုအပ်ဘဲ အပြင်မထွက်ရန်၊ စနစ်တကျ လက်ဆေးရန်နှင့် အပြင်ထွက်တိုင်း နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်သွားလာရန် စသည့်အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေးနှိုးဆော်ရာတွင် အများပြည်သူများအနေဖြင့် တာဝန်ရှိသူများက ရောဂါကူးစက် ပြန့်ပွားမှုများ လျော့နည်းကျဆင်းစေရေး ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် မိမိကိုယ်တိုင် တာဝန်သိစိတ် ဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်နှင့် ကိုဗစ် - ၁၉ ရောဂါ မျိုးကွဲ ဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါ ကူးစက်လာခြင်း မဖြစ်ပေါ်စေရေး ကျန်းမာရေးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းမျဥ်းစည်းကမ်းများအတိုင်း စနစ်တကျ လိုက်နာဆောင်ရွက်ကြရန် စသည်တို့ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အသိပညာပေးနှိုးဆော်ခြင်းများကို အရှိန်တိုးမြင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အောင်ကျော်မိုး (ပြန်/ဆက်)