ပွင့်ဖြူ ဒီဇင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး၊မင်းဘူးခရိုင် ပွင့်ဖြုမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ၏ဦးဆောင် လမ်းညွှန်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ လုံခြုံရေး တပ်ဖွဲ့ ဝင်များပူးပေါင်းကာ ဒီဇင်ဘာလ ၂၂ ရက်နေ့ ညနေ၆နာရီအချိန်က မြို့ပေါ်ရပ်ကွက်များ တွင်နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ သတင်းထုတ်ပြန်ချက်အား အသံ ချဲ့စက်ဖြင့်လိုက်လံအသိပေး နှိုးဆော်ကြေညာခဲ့ကြောင်းသိရသည်။
ထိုသို့နှိုးဆော်ကြေညာရာ တွင်ပြည် ထောင်စုသမ္မတမြန်မာ နိုင်ငံတော်၌အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ထုတ်ပြန်ကြေညာ ခဲ့သည့် NUG၊ CRPHနှင့် လက်ဝေခံ PDF အဖွဲ့များ၏တရားမဝင်လက် နက်များ၊ခဲယမ်းများ၊ မိုင်း၊ ဆက်သွယ်ရေး ပစ္စည်းများနှင့်ဆက် စပ်ပစ္စည်းများအပြင်လက်လုပ်သေနတ်၊ ယမ်း၊ မိုင်းနှင့်ဆက်စပ် ပစ္စည်းများကို လက်ဝယ်ကိုင်ဆောင်အကြမ်းဖက်မှုအပေါ်နှင့် နယ်စပ်ဒေသများနှင့် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့အစည်း တစ်ချို့တို့မှလည်း နိုင်ငံရေး၊ စစ်ရေးအမြတ် ထုတ်ရန်အလို့ငှာ ပြည်တွင်းသို့နည်း မျိုးစုံဖြင့်ပို့ ဆောင်နေသည့် လက်နက်ခဲယမ်း၊ မိုင်း၊ ဆက်သွယ်ရေးပစ္စည်းများနှင့် ဆက်စပ် ပစ္စည်းများအား နေ့စဉ်နှင့်အမျှဖော်ထုတ်ဖမ်း ဆီးရမိလျက်ရှိသကဲ့ သို့နည်းမျိုးစုံဖြင့်လက်ဝယ်ကိုင်ဆောင်သူ အကြမ်းဖက်သမားများထံမှလည်း ဖော်ထုတ်ဖမ်းဆီး ရမိသိမ်းဆည်းလျက်ရှိပါကြောင်း၊၎င်းပြင် တစ်ချို့သော အကြမ်းဖက်သမားများသည်နိုင်ငံသူ၊ နိုင်ငံသားများ၏ မသိနားမလည်မှု၊ရိုးသားမှုအ ပေါ်အခွင့်ကောင်း ယူလျက် မိမိတို့၏ တရားမဝင်လက်နက်ခဲယမ်း၊မိုင်း၊ ဆက်သွယ်ရေး ပစ္စည်းများနှင့်ဆက် စပ်ပစ္စည်းများ အပြင်တားမြစ် ပစ္စည်းများကိုလည်းနည်းအမျိုးမျိုး၊အသွင်အမျိုးမျိုးဖြင့်အပ်နှံသိမ်း ဆည်းစေမှုများ ကိုလည်း ဖော်ထုတ် ဖမ်းဆီးရမိ လျက်ရှိကြောင်း၊ သို့ဖြစ်ရာ အကြမ်းဖက်သူများနှင့် မသက်ဆိုင်သူ များကို မလိုလားအပ် သောတရားဥပဒေရင်ဆိုင်မှုများမရှိနိုင်စေရေးအလို့ငှာ ၂၀၂၁ ခုနှစ်၊ဒီဇင်ဘာလ ၃၁ ရက်နောက် ဆုံးထား၍ နိုင်ငံသူ၊နိုင်ငံသားများအားလုံးသည် အကြောင်းအမျိုးမျိုးနှင့် နည်းမျိုးစုံဖြင့် မိမိတို့နေအိမ်၊ တိုက်ခန်းနှင့် နေရာအသီးသီးတွင် တရားမဝင် လက်နက်၊ ခဲယမ်း၊ မိုင်း၊ ဆက်သွယ်ရေးပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ အပါအဝင် နိုင်ငံတော်မှဥပဒေအရတားမြစ်ပြဌာန်းထားသည့် မူးယစ်ဆေးဝါးများ၊ လက်ဝယ် သို့ရောက်ရှိ သိမ်းဆည်းထား ခြင်းများရှိကြပါက သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများ၊ နီးစပ်ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များထံလာ ရောက်အပ်နှံကြပါရန်နှင့် သတ်မှတ် ရက်ကျော်လွန်ပြီး နောက်စစ်ဆေး တွေ့ရှိရ ပါကတည်ဆဲဥပဒေများနှင့်အညီအရေး ယူခံရမည်ဖြစ်ကြောင်း ပြည်သူများသိရှိနိုင်ရန် အသံချဲ့ စက်ဖြင့် လိုက်လံအသိ ပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။
ခင်ဝါဝါလှိုင် ( ပြန်/ဆက် )