(၇၄)နှစ်​မြောက် လွတ်လပ်​ရေး​​နေ့ အထိမ်းအမှတ်အကြိုပြပွဲ၊ ပြိုင်ပွဲများကျင်းပ

လသာ    ဒီဇင်ဘာ    ၂၃

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ လသာမြို့နယ်၊ ပြန်ကြား​ရေးနှင့် ပြည်သူ့ဆက်ဆံ​ရေး ဦးစီးဌာနရုံး၌ ယမန်​နေ့​နေ့လယ် ()နာရီအချိန်က (၇၄)နှစ်​မြောက် လွတ်လပ်​ရေး​နေ့ အထိမ်းအမှတ်အကြို ကဗျာရွတ်ဆိုပြိုင်ပွဲ၊​ ဆေး​ရောင်ခြယ်ပြိုင်ပွဲနှင့် နံရံကပ်စာ​စောင်ပြပွဲများ ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲကို ကျောင်းသား၊ ကျောင်းသူများ ဖြတ်ထိုးဉာဏ်ဖြင့် စဉ်းစားတတ်သည့် အလေ့အထ ရရှိစေရန် ဉာဏ်ရည်ထက်မြက်စေရန်၊ စာကြည့်တိုက်၌ စာဖတ်သည့် အလေ့အထရရှိစေရန်နှင့် လွတ်လပ်ရေးနေ့ကို အမှတ်တရရှိစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိ​​ ကျောင်းများမှ​ ကျောင်းသား၊​ ကျောင်းသူများ ပါ၀င်ယှဉ်ပြိုင် ခဲ့ကြပြီး၊ ပြိုင်ပွဲတွင် ပါ၀င်ယှဉ်ပြိုင်ခဲ့ကြ​သော ​ကျောင်းသား၊​​ ကျောင်းသူများအား ဆုအသီးသီး ချီးမြှင့်ခဲ့​ကြောင်းနှင့် ပြိုင်ပွဲအပြီးတွင်​ ကျောင်းသား၊​ ကျောင်းသူများသည် နံရံကပ်စာ​စောင်များအား ဖတ်ရှု​ လေ့လာခဲ့​ကြောင်းနှင့် အဆိုပါ နံရံကပ်စာ​စောင်တွင် လွတ်လပ်​​ရေးနှင့် ပတ်​​သက်​သော အချက်အလက်များနှင့် နိုင်ငံ​​တော်စီမံအုပ်ချုပ်​ရေး​ကောင်စီ၏​ ရှေ့လုပ်ငန်းစဉ် ()ရပ်ကို​ ဖော်ပြထား​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)