မိုင်းဖြတ် ဒီဇင်ဘာ ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြိုနယ်၊ ဝမ်လုံးကျေးရွာအုပ်စု၊ ပါညုကျေးရွာ၌ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် သောက်သုံ ရေရှိရေးနှင့် ကျေးရွာနေပြည်သူများ သောက်သုံးရေကို စနစ်တကျ သုံးစွဲတက်စေရေးအတွက် ရေမီတာစနစ် တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပြီးစီးမှုများကို ယမန်နေ့နံနက်ပိုင်းက ရှမ်းပြည်နယ် (အရှေ့ပိုင်း) မှ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ် ဦးစီးမှူး ဦးမျိုးမင်းသန့်၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သီတာဝင်းစံနှင့် တာချီလိတ်ခရိုင်ဦးစီးမှူး ဦးဝင်းမြတ်သိန်း နှင့် တာဝန်ရှိသူများက ရေလှောင်ကန် ဆောင်ရွက်ပြီးစီးမှု၊ အိမ်သွယ်ရေပိုက်လိုင်းနှင့်ရေမီတာ တပ်ဆင် ပြီးစီးမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မေလွင်နှင့် တာဝန်ရှိသူများက ဆောင်ရွက်ပြီးစီးမှုများကို လိုက်လံ ရှင်းလင်းပြသခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းကို ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ်၊ ပြည်ထောင်စုမွန်းမံရန်ပုံငွေ (၄၇.၁) သိန်းဖြင့် ဂါလန် (၅) ထောင်ဆန့်အုတ်ရေလှောင်ကန်နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုတိုးတက်ရေး ဦးစီးဌာနမှ ၂ လက်မ (PVC) ရေပိုက်များကို ထောက်ပံ့ပေးခြင်း ဖြစ်သည်။ ယခုအခါ အဆိုပါ ရေရှိရေးလုပ်ငန်းမှာ ဆောင်ရွက် ပြီးစီးပြီဖြစ်သည့်အတွက်ပါ ညုကျေးရွာရှိ အိမ်ခြေ(၂၈)အိမ်မှ ကျေးရွာနေပြည်သူများက သောက်သုံးရေများကို အကျိုးရှိစွာအသုံးပြုလျက်ရှိကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေလွင်ထံက သိရသည်။
သန်းထွန်းအေး