ထန်းတပင်(ရန်ကုန်) ဒီဇင်ဘာ ၂၄
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်း များက ပန်းခင်းစီမံချက်ဖြင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုးထုတ်ပေးနိုင်ရေးအတွက် ကျောင်းသား၊ ကျောင်းသူကလေးငယ်များနှင့်ရပ်ကွက်၊ ကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အခြေခံပညာ ကျောင်းနှင့်ရပ်ကွက်၊ ကျေးရွာအုပ်စုများ အရောက် နေ့စဉ်ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးလျက်ရှိပြီး ယမန်ရက်နေ့ နံနက်ပိုင်းကလည်း ဝါးတရာကျေးရွာ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူကလေး ငယ်များအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိသလို ကျားဟုန်းကျေးရွာအုပ်စုရှိ ကျေးရွာနေပြည်သူများကိုလည်း နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးရာတွင်လည်း ထန်းတပင်မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အ.ထ.က(ဝါးတရာ) ကျောင်းရှိ အသက်(၁၀) ပြည့်နိုင်ငံသားစိစစ်ရေးကတ်ပြားလျှောက်ထားသည့် ကျောင်းသား၊ ကျောင်းသူ(၇၄)ဦးနှင့် ကျားဟုန်းကျေးရွာအုပ်စုတွင် အသက်(၁၀)ပြည့် နိုင်ငံသားစိစစ် ရေးကတ်ပြားလျှောက်ထားသည့်ကျေးရွာနေပြည်သူ (၃၁)ဦးနှင့် အသက်(၁၈)နှစ်ပြည့် နိုင်ငံသား စိစစ်ရေးကတ်ပြား လျှောက်ထားသည့် ကျေးရွာနေပြည်သူ(၅၉)ဦးစုစုပေါင်း နိုင်ငံသားစိစစ်ရေး ကတ်ပြား လျှောက်ထားသည့်ကျောင်းသား၊ ကျောင်းသူများနှင့်ကျေးရွာနေပြည်သူ(၁၆၄)ဦးတို့ကို နိုင်ငံသားစိစစ် ရေးကတ်ပြား(၁၆၄)ကတ်တို့ကိုပြုလုပ်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းသိရသည်။
ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးနေမှု အခြေအနေများကိုလည်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဇေယျာလင်းနှင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များဖြစ်ကြသည့် အဖွဲ့ဝင် ဦးအေးဝင်းနှင့် မြို့နယ်လဝကဦးစီးမှူး ဦးခင်ဆွေ တို့က ကြည့်ရှုအားပေးဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ဇင်မင်းထိုက်