ညောင်ဦးခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်အတွက် အသက်(၈၅)နှစ်နှင့်အထက်အဘိုး/ဘွားများအားလူမှုရေးပင်စင်ထောက်ပံ ပေးအပ်

ညောင်ဦး  ဒီဇင်ဘာ ၂၄

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ပထမသုံးပတ်အတွက် အသက် (၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွား (၁၄၄၇) ဦးတို့အား လူမှုရေး ပင်စင်ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီခွဲအချိန်က ခရိုင်လူမှု ဝန်ထမ်းဦးစီးဌာန၊ ရုံးတွင် ထောက်ပံ့ပေးအပ်ပွဲပြုလုပ် ကျင်းပခဲ့ကြောင်း သိရသည်။

လူမှုရေးပင်စင် ထောက်ပံ့ပေးနိုင်ရေး အခမ်းအနားတွင် ညောင်ဦးမြို့နယ်၊ စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်က အမှာစကားပြောကြားပြီး ညောင်ဦးခရိုင် လူမှုဝန်ထမ်းရုံး၊ ခရိုင်ဦးစီးမှူး ဒေါ်တင်တင်စိန်က လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ခြင်းလုပ်ငန်းစဉ်များ အား ရှင်းလင်းပြောကြားသည်။ ယခုအခါ နိုင်ငံတော်အနေဖြင့် လူမှုရေးပင်စင်ထောက်ပံ့ ခြင်း အစီအစဉ်၏ အကျိုးကျေးဇူးများအား ဘိုးဘွားများ ပိုမိုရရှိရန်၊ ခံစားနိုင်စေရန် ရည် ရွယ်ပြီး ၂၀၁၈-၂၀၁၉ ခုဘဏ္ဍာနှစ် အောက်တိုဘာလမှ စတင်၍ လူမှုရေးပင်စင် အကျိုးဝင်မှု အသက်အားဖြင့် (၈၅) နှစ်သို့ တစ်လခြင်းတစ်ဦးလျှင် ၁၀၀၀၀ ကျပ်နှုန်းဖြင့် သုံးလလျှင် တစ်ကြိမ်ထောက်ပံ့လျက်ရှိကြောင်း၊ ယခု ၂၀၂၁-၂၀၂၂ ခုနှစ် ပထမ သုံးလပတ်၊ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလအတွက် ညောင်ဦးမြို့နယ်အနေဖြင့် အသက်(၈၅)နှစ်နှင့် အထက်ဘိုးဘွားဦးရေ (၁၄၄၇)ဦး ငွေကျပ် (၄၃၄၁၀၀၀၀) လေးရာ သုံးဆယ့်လေးသိန်းတစ်သောင်းကို တစ်ပြိုင်ထဲ ထောက်ပံ့ပေးနိုင်ဖို့ စီစဉ်ထားရှိပြီဖြစ် ကြောင်း ပြောကြားသည်။

ပြီးနောက် ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် လူမှုဝန်ထမ်းဦးစီး ဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်တင်တင်စိန်တို့က အသက်(၈၅)နှစ် အထက် အဘိုးအဘွားများ လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုထိန်၊ KPD