သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ

သံတွဲ ဒီဇင်ဘာ ၂၄

သံတွဲခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ အစည်းအ‌ဝေး ခန်းမ၌ ယမန်နေ့ နံနက် ၁၁ နာရီက သံတွဲခရိုင်ရုံး ဝန်ထမ်းများ စုပေါင်း၍ စာရေးဆရာချစ်နိုင် (စိတ်ပညာ)၏ လူငယ်နှင့် အခွင့်အလမ်းစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ဦးစီးအရာရှိ ဒေါ်လဲ့လဲ့ဝင်းက စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ရခြင်း၏  ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ဒုတိယဦးစီးမှူး ဒေါ်မေမွန်ထွဋ်က ယုံကြည်ချက်ဣဒ္ဓိပါတ် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အကြီးတန်းစာရေး ဒေါ်သန်းနုက လူငယ်နှင့် အခွင့်အလမ်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရုပ်/သံ-၃ ဒေါ်အေးအေးဝင်းက ကံ၊ ကံ၏ အကျိုး ခေါင်းစဉ်များအား ဖတ်ကြားကြပြီး ဝန်ထမ်းများက ပြန်လည်ဆွေးနွေးခဲ့ကြသည်။

ထိုသို့ ဆရာချစ်နိုင်(စိတ်ပညာ)၏ လူငယ်နှင့် အခွင့်အလမ်း စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပရခြင်း ကြောင့် လူငယ်လူရွယ်များ စိတ်ထဲမှာ အဆိုးမြင်အပြစ်တင်တဲ့ စိတ်ထားမျိုးတွေရှိနေရင် အမြန်ဆုံး ဖယ်ရှားဖို့လိုကြောင်း၊ အကောင်းမြင်တတ်တဲ့ မျှော်လင့်ချက်နဲ့ ယုံကြည်ချက်ရှိနေမှသာ ကောင်းတာ တွေ ဖြစ်လာမှာဖြစ်ကြောင်း၊ အကောင်းမြင် မျှော်လင့်ချက်တွေနဲ့ အစားထိုးလဲလှယ်လိုက်ပါက လူငယ်တွေရဲ့ ဘဝတစ်ခုလုံးကို လုံးဝဥဿုံပြောင်းလဲနိုင်မှာဖြစ်ပါကြောင်း၊ တစ်ဦးချင်း တစ်ဦးချင်း က ကိုယ်နေရာ ကိုယ့်တာဝန်၊ ကိုယ်အလုပ်ကိုသာ အကောင်းဆုံး လုပ်ဖို့လိုအပ်ကြောင်း၊ ကောင်းကျိုးနဲ့ ဆိုးပြစ်ကို ခွဲဝေပိုင်းခြားနိုင်စွမ်းမရှိပါက နွားခြေရာရဲ့နောက်ကို လှည်းဘီးထက်ကြပ် မကွာ လိုက်ပါသလို  လူရဲ့နောက်ကို နေရောင်လရောင် အရိပ်က မရမနေကပ်ကာလိုက်ပါနေသလို လူ့ဘဝလမ်းဟာ မဖြောင့်တန်းနိုင်ပဲ ကြမ်းတမ်းခက်ထန်နိုင်ကြောင်း အစရှိသည့် ဗဟုသုတများကို ရရှိနိုင်ကြောင်းသိရှိရသည်။                                                                                                                     

ခရိုင်ပြန်/ဆက်