မြေပုံမြို့၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက် (၉) ရပ် မှတ်တမ်းဓာတ်ပုံများ မြေစိုက်နံရံကပ်ပြဘုတ်တွင်ပြသ

မြေပုံ ဒီဇင်ဘာ ၂၄

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြေစိုက်နံရံကပ်ပြဘုတ်တွင် အသိပညာပေး နံရံကပ်စာစောင်များကို လစဉ်အသစ်လဲလှယ် ပြသ ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ်ပါဝင်သည့် ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများကို ပြသသည်။

အဆိုပါ အသိပညာပေး နံရံကပ်စာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ဖြစ်သော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့ကို စနစ်တကျ အကောင် အထည်ဖော် ဆောင်ရွက်နေမှုတို့ကို ပြသထားရှိပြီး ဒေသနေပြည်သူများ၊ ကျောင်သား၊ ကျောင်းသူ များ စိတ်ဝင်တစား လေ့လာကြည့်ရှုကြသည်။

မြေပုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြေစိုက်နံရံကပ်ပြဘုတ်တွင် သတင်းစာများ၊ မြို့နယ်လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများနှင့် အသိပညာပေး နံရံကပ်စာစောင်များကို တစ်လလျှင် (၂)ကြိမ် လဲလှယ်ပြသဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တင်ဝင်း(ပြန်/ဆက်)