အမြို့မြို့အနယ်နယ်သတင်းများ

Jan 15,2022
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသ​ရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သော “အနာဂတ်လူငယ်များ ဉာဏ်ရည်ဖွံဖြိုး ကြီးထွားစေရန် နွားနို့တိုက်ကျွေးခြင်း” အခမ်းအနားကို ယနေ့ နေ့လယ်(၁)နာရီက အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်း၊ ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jan 15,2022
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပုဗ္ဗသီရိမြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးဝင်းသိန်း နှင့်ဝန်ထမ်းများက ပုဗ္ဗသီရိမြို့နယ် သပြေကုန်းကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံး၌ ကျေးရွာနေ ပြည်သူ များအား လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြဆို့ ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်းမရှိသေးသူများအား ယနေ့နံနက်ပိုင်းက ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ သည်။
Jan 15,2022
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် အောက်ဆီဂျင် စက်ရုံဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀နာရီက အဆိုပါအဆောက်အဦးရှေ့တွင် ကျင်းပ ပြုလုပ်သည်။
Jan 15,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နာဂဒေသ၊ လဟယ်မြို့နယ်ရုံးသစ်ဖွင့်ပွဲကို ယနေ့နံနက် (၈)နာရီအချိန်က လဟယ်ပြန်ဆက်ရုံး‌ရှေ့တွင် ကျင်းပပြုလုပ်သည်။
Jan 15,2022
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဇလွန်မြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်း Omicron(အိုမီခရွန်)ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးအသိပညာပေးခြင်းနှင့် နှာခေါင်းစည်း တပ်ဆင်ရေး Mask Campaign ပြုလုပ်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့်အဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာများ ၊ ရဲတပ်ဖွဲ့ဝင်များပူးပေါင်း၍ယနေ့နံနက် ၈ အချိန်တွင် ဇလွန်​မြို့မာရ်အောင်မြင်ပြည်တော်ပြန် မြတ်စွာဘုရားကြီးရှေ့၌ ပြုလုပ်ခဲ့ကြသည်။
Jan 15,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊(၃)မိုင်မြို့သစ်တွင် ယနေ့နံနက် ၉ နာရီခွဲ အချိန်ကတိုင်းဒေသကြီး မူလရန်ပုံငွေနှင့် တည်ဆောက်ပြီးစီးခဲ့သော မြို့နယ်ဥပဒေ ရုံးသစ်နှင့်ဝန်ထမ်းအိမ်ယာအဆောက်အဦးသစ် ဖွင့်ပွဲ အခမ်းအနားကျင်းပကြောင်း သိရှိရသည်။
Jan 15,2022
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့ပြနှင့် ကျေးလက် ကွာဟမှုလျော့နည်းစေရေး၊ ကျေးလက်နေပြည်သူများ လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် ကျေးလက်လမ်းများနှင့် တံတားများအား ပြုပြင်ဆောက်လုပ်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ခံတက်ကုန်းကျေးရွာနှင့် မုန်တိုင် ကျေးရွာချင်းဆက်လမ်းပေါ် Box Culvet တံတား(၁)စင်း ဆောက်လုပ်ပေးလျက်ရှိကြောင်းသိရှိရသည်။