ပန်းခင်းစီမံချက်ဖြင့် ပြုလုပ်ပေးသော နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရ စာရင်း မရှိသေး သူများအား ဆောင်ရွက်ပေးလျက်ရှိ

ပုဗ္ဗသီရိ၊ ဇန်နဝါရီ  ၁၅

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပုဗ္ဗသီရိမြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးဝင်းသိန်း နှင့်ဝန်ထမ်းများက ပုဗ္ဗသီရိမြို့နယ် သပြေကုန်းကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံး၌ ကျေးရွာနေ ပြည်သူ များအား  လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြဆို့ ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်းမရှိသေးသူများအား ယနေ့နံနက်ပိုင်းက ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ သည်။  

ထိုသို့ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဥတ္တရခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဦးအောင်နိုင်ဦးက တက်ရောက်လာသော ရပ်ကွက်နေပြည်သူများအား ပန်ခင်း စီမံချက်လုပ်ငန်းနှင့် ပတ်သက်၍ ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ဆောင်ရွက်ပေးမည့်လုပ်ငန်းများ အကြောင်း၊ အိမ်ထောင်စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား စနစ်တကျထိန်းသိမ်းကြစေ လိုကြောင်းရှင်းလင်း ပြောကြားခဲ့ပြီး ပုဗ္ဗသီရိမြို့နယ်ဦးစီးမှူး ဦးဝင်းသိန်းက လက်ရှိဇာတိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦး ရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက် ပေးခြင်း၊ လက်ရှိဇာတိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေ စာရင်းမရှိ၊ ကိုင်ဆောင်လက် မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စု လူဦးရေ စာရင်းရှိသော်လည်း လက်ရှိဒေသတွင် ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင်အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ် မရှိ၊ လက်ရှိဒေသတွင်လည်း အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင် လက်မှတ်မရှိသူများအား ဆောင်ရွက်ပေး ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက် ပေးရာတွင် လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပုဗ္ဗသီရိမြို့နယ်ဦးစီးအရာရှိ ဦးဝင်းသိန်းနှင့် ဝန်ထမ်း များသည် သပြေကုန်း ကျေးရွာအုပ်စုရှိ  နိုင်ငံသား စိစစ်ရေးကတ် မရှိသူ အမျိုးသား ၄၃ ဦး၊အမျိုးသမီး ၁၅ ဦး၊ စုစုပေါင်း ၅၈ ဦးအားကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)