Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Phase(3,4,5) ဒုတိယအကြိမ် ထိုးနှံပေး လျက်ရှိပြီး Phase 6 (First Dose) ကို ကျေးရွာများသို့ ကွင်းဆင်းထိုးနှ…
Jan 16,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်း Phase(3,4,5) Second Dose ကို မြို့ပေါ်ရှိ သတ်မှတ်ဆေးထိုးစုရပ်(၂)ခုတွင် နေ့စဉ် ထိုးနှံပေးလျက်ရှိပြီး၊ Phase -6 First Dose ထိုးနှံခြင်းလုပ်ငန်းများကို ယနေ့မှစတင်၍ ကွင်းဆင်း ဆောင်ရွက်သွား မည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရသေ့တောင်မြို့၌ (၄၁) ကြိမ်မြောက် ကဿပညီနောင်ရှင်တစ်ထောင်ဘုရား ဗုဒ္ဓပူဇနိယပွဲတော် ဘုရားဖူးပြည်သူများဖြင့် စည်ကား
Jan 16,2022
ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ (၄၁) ကြိမ်မြောက် ကဿပညီနောင်ရှင်တစ်ထောင်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်အား ယမန်နေ့မှစ၍ ပျော်ပွဲ ရွှင်ပွဲများဖြင့် ကျင်းပပြုလုပ်လျက်ရှိရာ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရ သည်။
အပြည့်အစုံ ဖတ်ရန်
ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းကို ပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်နေ
Jan 16,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ မန်းရွှေစက်တော်ဘုရားကြီးအနီး ပဒေါင်း-ပျော်ဘွယ် ကြိုးပြင်ကာကွယ်တောအတွင်း၌ တောတောင်ရေမြေနှင့် စိမ်းစိုသာယာ လှပသော သဘာဝရှုခင်းအလှများကိုအခြေခံပြီး မြန်မာ့သစ်လုပ်ငန်း၊ မင်းဘူးသစ်ထုတ်ရေးဒေသ၊ ဆင်ထိန်းသိမ်း စောင့်ရှောက်ရေးအခြေပြု ခရီးသွားလုပ်ငန်းမှ ပြည်တွင်း/ပြည်ပ ခရီးသွားများအား ဆွဲဆောင်နိုင်စေရန်နှင့် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ဖွင့်လှစ်ထားသည့် ရွှေစက် တော်မန်းချောင်း အပန်းဖြေဆင်စခန်းကို ပြန်လည်ဖွင့်လှစ်ရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေကြောင်း ဆင်စခန်းတာဝန်ခံ လက်ထောက်မန်နေဂျာ ဦးလှသန်းထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကမာရွတ်မြို့နယ်တွင် Mobile ဈေးကားနှင့်ဆန်၊ဆီနှင့်ကြက်ဥများဈေးနှုန်းသက်သာစွာရောင်း ချပေးလျက်ရှိ
Jan 16,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် မြန်မာနိုင်ငံ ဆန်ကုန်သည်ကြီးများအသင်းမှ ပြည်သူများဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ယမန်နေ့ နံနက် ၈ နာရီအချိန်တွင် အမှတ်(၇)ရပ်ကွက်ရှိ မြန်မာ့အသံနှင် ရုပ်မြင်သံကြား (MRTV)နှင့် မြို့နယ်ရဲစခန်းဝန်းအတွင်းရှိ ပြည်သူများနှင့် မိသားစုများကို ဆန်၊ဆီနှင့်ကြက်ဥများ ရောင်းချပေးလျက်ရှိရာ ဆန်ချော(၅)ပြည်ပါ (၁)အိတ် (၈၅၀၀)ကျပ်၊ ဆန်ကြမ်း(၅)ပြည်ပါ (၁) အိတ် (၅၀၀၀)ကျပ်၊ ဆီ(၅၀)ကျပ်သား (၁)ဘူးလျှင် (၁၈၅၀)ကျပ်နှင့် ကြက်ဥ (၁၀)လုံးပါ (၁)ကဒ် လျှင်(၁၀၀၀)ကျပ်ဖြင့် ရောင်းချပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျေးရွာဝန်းကျင် သန့်ရှင်းသာယာလှပစေရန် ဌာနဆိုင်ရာများ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်
Jan 16,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင် ဦးဆောင်သော ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ယမန်နေ့ နံနက် ၇ နာရီက ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာ သို့ သွားရောက်ပြီး ကျေးရွာဝန်းကျင် သန့်ရှင်းသာယာလှပစေရန် ပြည်သူ့အကျိုးပြု စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စကုမြို့မဈေးသစ် ရာနှုန်းပြည့်တည်ဆောက်ပြီးစီး၍ ဖွင့်လှစ်ရောင်းချလျက်ရှိ
Jan 16,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ စကုမြို့မဈေးသစ်ကို ကျပ်သိန်း ပေါင်း (၆၀၀၀)ဖြင့် အကုန်ကျခံကာ အသစ်ပြန်လည်တည်ဆောက်ခဲ့ပြီး ရာနှုန်းပြည့်တည်ဆောက် ပြီးစီ၍ ဖွင့်လှစ်ရောင်းချလျက်ရှိကြောင်း စကုမြို့မဈေးတွင် ရောင်းချနေသူတစ်ဦးထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသားများ မြဝတီ အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့်(၂၀၇)ဦး ဆက်လက်ဝင်ရောက်
Jan 16,2022
ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာနိုင်ငံသားများအား မြဝတီမြို့၊ မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် ပြန်လည်လက်ခံလျက်ရှိရာ ယမန်နေ့ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ပြန်လည်ဝင်ရောက်လာသူ ၂၀၇ ဦး ဆက်လက်ဝင်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ပန်းတောင်းမြို့နယ် ဆောင်းကြက်သွန်စိုက်ပျိုးတောင်သူများ ကြက်သွန်ပြန် လည်စိုက်ပျိုးချိန်ထိ ဈေးနှုန်းကျဆင်းနေ
Jan 16,2022
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်ဆောင်းကြက် သွန်စိုက်ပျိုး တောင်သူများ လှောင်ကြက်သွန်နီများ ဆောင်းကြက်သွန်နီ ပြန်လည်စိုက်ပျိုး ချိန်ထိဈေးနှုန်း ကျဆင်းနေခြင်းကြောင့် တောင်သူများလက်ထဲမှကြက်သွန်များအချိန်မ လွန်ခင်ရသည့်ဈေးနှုန်းဖြင့် ရောင်းချရနိုင်ကြောင်း ကျောက်ပန်းတောင်းမြို့ ဦးစိန်ပွဲရုံမှ ဦးထွန်းရှိန်ပြောကြား၍ သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
19299
Page
19300
Page
19301
Page
19302
Current page
19303
Page
19304
Page
19305
Page
19306
Page
19307
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department