Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဆေးတက္ကသိုလ်(မကွေး)နှင့် သင်ကြားရေးဆေးရုံ(မကွေး)သို့ ကွင်းဆင်းကြည့်ရှု
Jan 15,2022
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများဖြစ်သည့် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးဝင်းမြင့်၊ အတွင်းရေးမှူး ဦးဝင်းရှိန်နှင့် ခရိုင်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ လိုက်ပါကာ ယမန်နေ့ နံနက် ၉ နာရီအချိန်က မကွေးဆေးတက္ကသိုလ်သို့ ရောက်ရှိပြီး တည်ဆောက်လျက်ရှိသည့် (၄)ထပ်စာသင်ဆောင် ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးရာ Kinectics Arts Co.Ltd ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူ၏ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကာမိုင်းမြို့ ဧရိယာအတွင်းရှိ ကျောင်းသာ/သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Sinovac ကို ဒုတိယအသုတ်(ဒုတိယအကြိမ်)ထိုးနှံပေး
Jan 15,2022
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ဧရိယာအတွင်းရှိ ကျောင်းသား/သူများအား ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး Sinovac ကို ယနေ့ နံနက် ၁၀ နာရီမှ ၁၁ နာရီခွဲအထိ အထက မြစိမ်းရောင်ခန်းမ၌ ထိုးနှံခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ် မုန်တိုင်ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းအတိုးရငွေ၊ပြည်သူထည့်ဝင်ငွေများဖြင့် ကျေးရွာတွင်း လမ်းများအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်
Jan 15,2022
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့ပြနှင့် ကျေးလက်ကွာဟမှုမရှိစေရေးအတွက် မြို့နယ်အတွင်းရှိကျေးရွာများအား ဘက်စုံဖွံ့ဖြိုး ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပြီး မုန်တိုင်ကျေးရွာ၌ ကျေးရွာမြစိမ်း ရောင်စီမံကိန်း အတိုးရငွေနှင့် ပြည်သူထည့်ဝင်ငွေများ၊လုပ်အားများ၊ပစ္စည်းများဖြင့် ကျေးရွာတွင်း လမ်း များအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရာ(၇၀)ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၊ နောင်ခလုံး-ပညာပလီး-ဂျပန်ကုန်း-လော်ကော်-နတ်ကြီး ကျေးရွာချင်းဆက် မြေသားလမ်း (၆)မိုင်၊ (၄)ဖာလုံ အနက် (၂)မိုင်အား ကျောက်လမ်းခင်းခြင်း…
Jan 15,2022
ကရင်ပြည်နယ်၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ပြည်သူများ၏ လူနေမှုဘဝတိုးတက်မြင့်မားလာစေရေးနှင့် သွားလာရေးအဆင်ပြေစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ပိုင်ကျုံမြို့၊ နောင်ခလုံး-ပညာပလီး-ဂျပန်ကုန်း-လော်ကော်-နတ်ကြီး ကျေးရွာချင်းဆက် မြေသားလမ်းအား ကျောက်လမ်းခင်းခြင်းလုပ်ငန်းကို နို၀င်ဘာလ တတိယအပတ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယနေ့အထိ (၃၅)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များအား ထောက်ပံ့ငွေပေးအပ်နိုင်ရေး စာရင်းကောက်ယူခြင်း ဆင့်ပွားသင်တန်းဖွင့်လှစ်
Jan 15,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲခရိုင် ၊ သီပေါမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ၂၀၂၁ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ခုနှစ်၊မတ်လအထိ ကိုယ်ဝန်ဆောင်မိခင်များအား ထောက်ပံ့ငွေ ပေးအပ်နိုင်ရေး စာရင်းကောက်ယူခြင်း ဆင့်ပွားသင်တန်း ဖွင့်လှစ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့နယ်တွင် အကျဉ်းသားများအားကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Jan 15,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ် တားဆီးရေး နှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မြို့နယ်အကျဉ်းဦးစီးဌာန၊ အကျဉ်းထောင်ရှိ အကျဉ်းသားများအား ယမန်နေ့ မွန်းလွှဲပိုင်းက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့နယ်တွင်တိုက်ပွဲရှောင်စခန်းမှ ပြည်သူများအားမိုင်းအန္တရာယ် အသိပညာပေးဟောပြာခြင်းနှင့်လက်ကမ်းစာစောင်များဖြန့်ဝေ
Jan 15,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ဘော်ကြိုကျေးရွာ ဘော်ကြိုဘုရားကြီး တိုက်ပွဲရှောင်စခန်းတွင် ယမန်နေ့နံနက်ပိုင်းက မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)၏ ကူညီပံ့ပိုးမှုဖြင့် မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဌနှင့် တပ်ဖွဲ့ဝင်များက မိုင်းအန္တရာယ် အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
(၇၅)နှစ်မြောက်၊ စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Jan 15,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်း၍ (၇၅)နှစ်မြောက်၊ စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ နေ့လယ်(၁)နာရီခွဲက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
19304
Page
19305
Page
19306
Page
19307
Current page
19308
Page
19309
Page
19310
Page
19311
Page
19312
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department