လဟယ် ဇန်နဝါရီ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နာဂဒေသ၊ လဟယ်မြို့နယ်ရုံးသစ်ဖွင့်ပွဲကို ယနေ့နံနက် (၈)နာရီအချိန်က လဟယ်ပြန်ဆက်ရုံးရှေ့တွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး အဆောက်အအုံသစ်ကို နာဂဒေသစီမံအုပ်ချုပ် ရေးအဖွဲ့ အတွင်းရေးမှူး ဦးနေမင်းသူ၊ လဟယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇာနည်ဝင်း၊ ခန္တီးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဇေယျာဝင်းတို့ကဖဲကြိုးဖြတ် ဖွင့်လှစ် ကျင်းပသည်။
ထို့နောက်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးဆိုင်းဘုတ်အား အမွေးနံ့သာရည်ဖြင့်ဖြန်းပက် ကာ အမှတ်တရမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးပြီး ရုံးဆောက်လုပ်ပြီးစီးမှု လွဲပြောင်းလက်ခံ စာရွက်စာတမ်း များကို ပြည်ရှိန်းအောင်ကုမ္ပဏီမှ တာဝန်ရှိသူ ဦးစိုင်းသူရကပေးအပ်ကာနာဂဒေသစီမံအုပ်ရေးအဖွင့် အတွင်းရေးမှူး ဦးနေမင်းသူက လက်ခံရယူပါသည်။
အဆိုပါရုံး အဆောက်အအုံသစ်ဖွင့်ပွဲအခမ်းအနားသို့ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ လဟယ်မြို့ နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များဌာနဆိုရာများ၊ နာဂရိုးရာယဉ်ကျေးမှုဥက္ကဋ္ဌဦးပေါင်ခု၊ ပြန်ကြားရေး နှင့်ပြည်သူ့ ဆက်ရေးဦစီးဌာနမှ ဝန်ထမ်းများတက်ရောက်ကြောင်း သိရှိရပါသည်။
ပါမင်းလှိုင် (လဟယ်)