မြို့သစ် ဇန်နဝါရီ ၁၅
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် အောက်ဆီဂျင် စက်ရုံဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀နာရီက အဆိုပါအဆောက်အဦးရှေ့တွင် ကျင်းပ ပြုလုပ်သည်။
ရှေးဦးစွာ အောက်ဆီဂျင်စက်ရုံအား ကပစ(၁၇)စက်ရုံမှူး ဗိုလ်မှူးကြီးသိန်းလွင်၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ ဥက္ကဋ္ဌ ဦးကျော်ဝင်းထက်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးကြီးသီဟအောင်၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူး အောင်ကိုနိုင်၊အောက်ဆီဂျင်စက်ရုံတည်ဆောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်လင်းတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်၍ မြို့သစ်မြို့နယ်အောက်ဆီဂျင်စက်ရုံတည်ဆောက်ရေးကော်မတီဝင် ဦးမိုးဇော်က အောက် ဆီဂျင် စက်ရုံတည်ဆောက်မှုနှင့် အောက်ဆီဂျင်ဖြန့်ဝေသုံးစွဲမှု အခြေအနေများကို ရှင်းလင်း ပြောကြား သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ ဥက္ကဋ္ဌ ဦးကျော်ဝင်းထက်နှင့်တာဝန်ရှိသူများသည် အောက်ဆီဂျင် စက်ရုံ အတွင်းလှည့်လည်ကြည့်ရှုပြီး လိုအပ်သည် များကိုလမ်းညွှန်မှာကြားကာ ပေါင်းစပ်ညှိနှုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါအောက်ဆီဂျင်စက်ကိုနိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီမှပေးအပ်လှူဒါန်းခြင်းဖြစ်ပြီး ၂၄ နာရီ တွင် အောက်ဆီဂျင် ၄၀ လီတာအိုး၁၂၀လုံးထုတ်လုပ်နိုင်မှာဖြစ်ကြောင်း၊ အောက်ဆီဂျင်လိုအပ်သော ကိုဗစ်၁၉လူနာများနှင့် အခြားအောက် ဆီဂျင်လိုအပ်သည့် လူနာရှင်များကိုအောက်ဆီဂျင် လုံလောက်စွာ အသုံးပြုနိုင်မည်ဖြစ်ကြောင်း မြို့သစ်မြို့နယ်အတွင်းရှိဆေးရုံးများကိုလည်း အောင်ဆီဂျင်လိုအပ်ပါက အချိန်မီဆောင်ရွက်ပေးရန်စီစဉ်ထားရှိကြောင်း သိရသည်။
သန်းဝင်းထွန်း(ပြန်ဆက်)