ကမာရွတ်မြို့နယ်တွင် Mobile ဈေးကားနှင့်ဆန်၊ဆီနှင့်ကြက်ဥများဈေးနှုန်းသက်သာစွာရောင်း ချပေးလျက်ရှိ

ရန်ကုန်     ဇန်နဝါရီ   ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် မြန်မာနိုင်ငံ ဆန်ကုန်သည်ကြီးများအသင်းမှ ပြည်သူများဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ဇန်နဝါရီ ၁၄ ရက်နေ့ နံနက် ၈ နာရီအချိန်တွင် အမှတ်(၇)ရပ်ကွက်ရှိ မြန်မာ့အသံနှင် ရုပ်မြင်သံကြား (MRTV)နှင့် မြို့နယ်ရဲစခန်းဝန်းအတွင်းရှိ ပြည်သူများနှင့် မိသားစုများကို ဆန်၊ဆီနှင့်ကြက်ဥများ ရောင်းချပေးလျက်ရှိရာ ဆန်ချော(၅)ပြည်ပါ (၁)အိတ် (၈၅၀၀)ကျပ်၊ ဆန်ကြမ်း(၅)ပြည်ပါ (၁) အိတ် (၅၀၀၀)ကျပ်၊ ဆီ(၅၀)ကျပ်သား (၁)ဘူးလျှင် (၁၈၅၀)ကျပ်နှင့် ကြက်ဥ (၁၀)လုံးပါ (၁)ကဒ် လျှင်(၁၀၀၀)ကျပ်ဖြင့် ရောင်းချပေးခဲ့ကြောင်းသိရသည်။

အဆိုပါ ဈေးရောင်းချရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦး​ဇော်ဝင်းမှကြီးကြပ်ပြီး မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့များမှ ပူးပေါင်း၍ပြည်သူများ အဆင်ပြေဝယ်ယူနိုင် ရေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိမ်းလဲ့(ပြန်/ဆက်)