ကျေးရွာဝန်းကျင် သန့်ရှင်းသာယာလှပစေရန် ဌာနဆိုင်ရာများ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်

ပွင့်ဖြူ      ဇန်နဝါရီ       ၁၆

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင် ဦးဆောင်သော ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ယမန်နေ့ နံနက် ၇ နာရီက ‌ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာသို့ သွားရောက်ပြီး ကျေးရွာဝန်းကျင် သန့်ရှင်းသာယာလှပစေရန် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ‌ဥက္ကဋ္ဌ ဦးဆောင်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊  မြို့နယ်စည်ပင် သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့တို့မှ ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ဒေသခံကျေးလက်နေ ပြည်သူများနှင့် ပူးပေါင်း၍ လယ်ကိုင်းကျေးရွာဝန်းကျင်နှင့် ကျေးရွာအနီး ပွင့်ဖြူ - မင်းဘူး - မကွေး သွားကားလမ်း၊ ‌လမ်းဘေး (ဝဲ ၊ ယာ )ရှိ ခြုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ စွန့်ပစ်အမှိုက်များ ရှင်းလင်းခြင်း၊ ပေါင်းမြက်များ ရှင်းလင်းခြင်းနှင့် တံမြက်စည်းလှဲခြင်းလုပ်ငန်းများကို ကျေးရွာဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် တစ်ပျော်တစ်ပါး စုပေါင်းသန့်ရှင်းရေး ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်းပွင့်ဖြူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်ထံမှ သိရသည်။

ရဲဝင်းနိုင်(ညောင်ဦး)