ကျောက်ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Phase(3,4,5) ဒုတိယအကြိမ် ထိုးနှံပေး လျက်ရှိပြီး Phase 6 (First Dose) ကို ကျေးရွာများသို့ ကွင်းဆင်းထိုးနှံပေးသွားမည်ဖြစ်

ကျောက်ပန်းတောင်း ဇန်နဝါရီ ၁၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်း Phase(3,4,5) Second Dose ကို မြို့ပေါ်ရှိ သတ်မှတ်ဆေးထိုးစုရပ်(၂)ခုတွင် နေ့စဉ် ထိုးနှံပေးလျက်ရှိပြီး၊ Phase -6 First Dose ထိုးနှံခြင်းလုပ်ငန်းများကို ယနေ့မှစတင်၍ ကွင်းဆင်း ဆောင်ရွက်သွား မည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင် (လျာထား) ဦးရေ (၂၁၂၃၀၁)ဦး ရှိသည့် အနက်၊ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီ (၁၄) ရက်နေ့အထိ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပြီးစီးမှုမှာ (၁၀၇၈၉၄) ဦးရှိပြီး၊ ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးစီးမှုမှာ (၇၃၉၃၅) ဦးဖြစ် ကြောင်း သိရသည်။

အလားတူ ဆေးအကြိမ်ရေအလိုက် Phase(3,4,5) Second Dose များကို မြို့ပေါ်ရှိ သတ်မှတ်ဆေးထိုးစု ရပ်များတွင် နေ့စဉ်ထိုးနှံပေးလျက် ရှိသည့်အပြင် Phase -6 First Dose ထိုးနှံ ခြင်းလုပ်ငန်းများကို၊ ဇန်နဝါရီ (၁၆) ရက်နေ့မှ စတင်၍ ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ရာ၊ (၁၆-၁-၂၀၂၂) ရက်နေ့မ (၂၀-၁-၂၀၂၂) ရက်နေ့အထိ ကျေးရွာအုပ်စု(၁၅)အုပ်စုရှိ ကျေးရွာ(၁၅)ရွာ တွင် ဆေးထိုးအဖွဲ့(၇)ဖွဲ့ဖြင့် ဆေးထိုးနှံခြင်း လုပ်ငန်းများ  ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။  

နေအောင်(ပြန်/ဆက်)