အမြို့မြို့အနယ်နယ်သတင်းများ

Jan 26,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ် နိုင်စေရန်နှင့်ရောဂါပိုး ကူးစက်ပြန့်ပွားမှုကို  လျော့နည်းစေရန်ရည်ရွယ်၍   ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jan 26,2022
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မွန်ပြည့်နယ်၊ ကျိုက်မရောမြို့နယ်ဦးစီးမှူးရုံးမှ "လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့" ပန်းခင်းစီမံချက်အရ အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ရာနှုန်းပြည့်ဆောင်ရွက် ပေးနိင်ရေးအတွက် ကျေးရွာ အုပ်ချုပ်ရေးမှူးများ နှင့်တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
Jan 26,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre တွင် စာဖတ်ခြင်း၏ အကျိုးကျေးဇူး အသိပညာပေး ဆွေးနွေးပွဲ Talk Show ကို ယမန်နေ့ ညနေ ၃ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 26,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ဆန်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့ နံနက်ပိုင်း ၉ နာရီ ၃၀ အချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ တွင် နမ့်ဆန်မြို့နယ် (၇၅)နှစ်‌မြောက်စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် (အကြို) ဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့် အညီ ကျင်းပခဲ့ကြောင်း သိရသည်။
Jan 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကိုဗစ်ကာကွယ်ဆေး တစ်ကြိမ်မျှ မထိုးနှံရသေးသူ ပြည်သူများအား၊ တစ်ကြိမ်သာ ထိုးနှံရမည်ံ့ ရုရှားနိုင်ငံထုတ် (Sputnik. Light) ကိုဗစ် -၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ဇန်နဝါရီလ(၂၆)ရက်နေ့ နံနက်(၉)နာရီအချိန်က ဖျာပုံမြို့ ပြည်သူ့ဆေးရုံကြီး၊ မိခင်နှင့်ကလေးကုသရေးဌာနတွင် ဆေးထိုးစုရပ်ထားရှိကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jan 26,2022
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်‌၊ ညောင်တုန်းမြို့နယ်အတွင်းရှိ စည်ပင်သာယာစျေးများ စနစ်တကျပုံမှန်ရောင်းချရေးကြည့်ရှုစစ်ဆေးခြင်းနှင့် လမ်းညွန်ချက်စာစောင်းများဖြန့်ဝေခြင်းကို ဇန်နဝါရီလ ၂၆ရက် နံနက် ၉နာရီအချိန်ခန့်က မြို့နယ်အတွင်းရှိ စည်ပင်သာယာဈေးများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Jan 26,2022
ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရန်နှင့် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ် နိုင်ရန်အတွက် ပုလောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ဆက်လက် ထိုးနှံ ပေးလျက်ရှိရာ ဇန်နဝါရီလ ၂၇ ရက်နေ့မှ စတင်၍ မြို့ပေါ်ရပ်ကွက်များသို့ ကွင်းဆင်းကာ  Mobile စနစ်ဖြင့် အိမ်တိုင်ရာရောက် ထိုးနှံ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေ ၂ နာရီက မြို့ပေါ်ရပ်ကွက်များတွင် ကွင်းဆင်းနှိုးဆော်ခဲ့ကြောင်း သိရသည်။