မိုးကောင်း ဇန်နဝါရီ ၂၆
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်တွင် ကိုဗစ်ကာကွယ်ဆေး တစ်ကြိမ်တစ်ခါ မှမထိုးရသေးသော အသက် ၁၈နှစ်နှင့်အထက်ပြည်သူများအား ကိုဗစ်ကာကွယ်ဆေး Sinopharm ကို ဇန်နဝါရီ ၂၆ ရက်နံနက် ၉ နာရီတွင် မိုးကောင်းမြို့တော်ခန်းမ၊ နမ္မနကျေးလက်ကျန်းမာရေးဌာန၊ ပင်းဘောကျေးရွာဘက်စုံသုံးခန်းမ ဆေးထိုးစုရပ်တို့၌ Phase Six first doses ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါဆောင်ရွက်ချက်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များက Covid-19 ကြိုတင်ကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ လိုအပ်ချက်များ ပေါင်းစပ်ဆောင်ရွက်ကြောင်း သိရသည်။
မိုးကောင်းမြို့နယ် Phase Six doses အတွက် ကိုဗစ်ကာကွယ်ဆေး Sinovac ကို တရုတ်နိုင်ငံပေါင်းစန်းပြည်နယ်မှ လှူဒါန်းသော ၂ ယောက်ထိုးဆေးလုံး ၅၀၀၀ ရရှိပြီး၊ မြို့နယ်အနေဖြင့် Covidshield ဆေးထိုးအပါအဝင် Sinopharm ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးသူ စုစုပေါင်း ၄၇၃၇၈ ဦးရှိပြီဖြစ်ကြောင်း သိရသည်။
သန်းလွင်ဦး(ပြန်/ဆက်)