အမြို့မြို့အနယ်နယ်သတင်းများ

Jan 26,2022
ပန်းချီဆိုသည်မှာ မြင်သမျှတွေ့သမျှ စဉ်စားတွေးခေါ် ရသမျှကို ဘာမှမရှိသော နံရံပိတ်ကား စက္ကူလွတ်များပေါ်တွင် ပုံပန်းသဏ္ဍာန် သရုပ်ဖော်ရေးဆွဲ ဆေးခြယ်ခြင်းကို ပန်းချီဟုခေါ်သည်။ ပန်းချီသည် လူတို၏ စိတ်အာရုံကို အဆွဲဆောင်နိုင်ဆုံးနှင့် ခံစားမှု ရသများစွာ ပေးစွမ်း နိုင်သောကြောင့် သုခုမပညာရပ်၏ ဘုရင်ဟုတင်စားခေါ်ဝေါ်ကြသည်။
Jan 26,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ဇန်နဝါရီလ ၂၅ ရက်နေ့က ကိုဗစ် − ၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာမတွေ့ရှိရကြောင်းနှင့် ရောဂါပိုးတွေ့မှုနှုန်း လျော့နည်းလာလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။
Jan 26,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြင်းခြံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက မြို့ပေါ်ရပ် ကွက်များသို့ အသိပညာပေး နှိုးဆော်ခြင်းကို ယနေ့ နံနက် ၁၀ နာရီ အချိန်က နှိုးဆော်ခဲ့ကြောင်း သိရသည်။
Jan 26,2022
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးတွင် စာရေးဆရာ သုတေသီ ဘုန်းမြင့်သွေး၏ အရေးကြီးတာက စိတ်ချမ်းသာဖို့ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ် ၂ နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 26,2022
ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ ဝါခင်းကုန်းဘုရား ဓမ္မာရုံတွင် ကျင်းပခဲ့သည်။
Jan 26,2022
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့ ဝင်းလုံကျေးရွာ တောင်သူ ဒေါ်ဒါနု၏ စိုက်ခင်းတွင် တစ်ပိုင်တစ်နိုင်ဖူးစားပြောင်းများ စိုက်ပျိုးထားခြင်းကြောင့် နေ့စဉ် မိသားစုအပိုဝင်ငွေများ ရရှိလျက် ရှိကြောင်း သိရသည်။
Jan 26,2022
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၌ မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း၊ ချောက်/လမ်းရွာရေနံမြေ၌ ချောက်/လမ်းရွာရေနံမြေ ဝန်ထမ်းများဖြင့် အခြေခံမီးသတ် ပညာ(မွမ်းမံ) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီ က လုပ်ငန်းခွင် သင်တန်းကျောင်း၌ ကျင်းပခဲ့သည်။
Jan 26,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် နွေစပါး (၅၅၃) ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ သိရှိရသည်။