ပဲခူးတိုင်းဒေသကြီးဥပဒေချုပ်ရုံးမှ ရက်(၁၀၀)စီမံချက်ဖြင့် ဥပဒေရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

ပဲခူး မေ ၁၇

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ အ-ထ-က (၁) ကျောင်းတွင် Grade-11နှင့် Grade-12 သင်တန်းတက်ရောက်နေသည့် ဆရာ/ဆရာများအား မေ ၁၅ ရက်နေ့ နံနက်ပိုင်းက ရက် (၁၀၀) စီမံချက်ဖြင့် ဥပဒေရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ထိုသို့ ကျင်းပရာတွင် ပဲခူးတိုင်းဒေသကြီး ဥပဒေအရာရှိ ဒေါ်တင်စပါယ်က ရက်(၁၀၀)စီမံချက်ဖြင့် ဥပဒေအသိပညာ ပြန့်ပွားရေးအတွက် Grade-11နှင့် Grade-12 တို့တွင် ဥပဒေ သင်ရိုးညွှန်းတမ်းများကို ထည့်သွင်းထား ဆရာ၊ ဆရာမများကို သင်တန်းပေးခြင်း၊ တက္ကသိုလ်၊ ကောလိပ်များနှင့် အခြေခံကျောင်းများတွင်လည်း ဥပဒေနှင့်စပ်လျဉ်း၍ အသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်ပေးလျက်ရှိကြောင်း ရှင်းလင်းပြောကြားပြီး ဥပဒေရေးရာများကို ဆွေးနွေးပြောကြားသည်။ အဆိုပါ ဟောပြောပွဲသို့ ပဲခူးတိုင်းဒေသကြီး ဥပဒေအရာရှိများ၊ ဆရာဆရာများ စုစုပေါင်း (၁၂၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)