လားရှိုး မေ ၁၇
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လားရှိုးခရိုင်ဦးစီးမှူးရုံးမှ လားရှိုးမြို့နယ် ရပ်ကွက် ၄ ရှိ သောက်သုံးရေလိုအပ်လျက်ရှိသည့် ပြည်သူများသို့ စုစုပေါင်း သောက်သုံးရေ ၁၈၀၀ ဂါလံအား သွားရောက်လှူဒါန်းခြင်းကို ယမန်နေ့ ညနေပိုင်းက ဆောင်ရွက်သည်။
ထိုသို့သွားရောက်လှူဒါန်းရာတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့်ဝန်ထမ်းများ၊ တာဝန်ရှိသူများက ရပ်ကွက် ၄ နယ်မြေ ၁၅ နှင့် ၁၆ တို့ရှိ သောက်သုံးရေလိုအပ်လျက်ရှိသည့် စုစုပေါင်းလူဦးရေ ၂၆၀ တို့အတွက် သောက်သုံးရေ စုစုပေါင်း ၁၈၀၀ ဂါလံအား သောက်သုံးရေလိုအပ်လျက်ရှိသည့် ပြည်သူများအဆင်ပြေစေရေးအတွက် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)