Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
လပွတ္တာမြို့နယ် ဥပဒေရုံးနှင့် ဝန်ထမ်းအိမ်ယာ အဆောက်အဦးသစ် ဖွင့်လှစ်ပွဲကျင်းပ
Jan 15,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊(၃)မိုင်မြို့သစ်တွင် ယနေ့နံနက် ၉ နာရီခွဲ အချိန်ကတိုင်းဒေသကြီး မူလရန်ပုံငွေနှင့် တည်ဆောက်ပြီးစီးခဲ့သော မြို့နယ်ဥပဒေ ရုံးသစ်နှင့်ဝန်ထမ်းအိမ်ယာအဆောက်အဦးသစ် ဖွင့်ပွဲ အခမ်းအနားကျင်းပကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ်တွင်ခတက်ကုန်းကျေးရွာနှင့်မုန်တိုင်ကျေးရွာချင်းဆက်လမ်းပေါ်၌Box Culvert တံတားတစ်စင်းဆောက်လုပ်ပေး
Jan 15,2022
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့ပြနှင့် ကျေးလက် ကွာဟမှုလျော့နည်းစေရေး၊ ကျေးလက်နေပြည်သူများ လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် ကျေးလက်လမ်းများနှင့် တံတားများအား ပြုပြင်ဆောက်လုပ်ပေးလျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ခံတက်ကုန်းကျေးရွာနှင့် မုန်တိုင် ကျေးရွာချင်းဆက်လမ်းပေါ် Box Culvet တံတား(၁)စင်း ဆောက်လုပ်ပေးလျက်ရှိကြောင်းသိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဆေးတက္ကသိုလ်(မကွေး)နှင့် သင်ကြားရေးဆေးရုံ(မကွေး)သို့ ကွင်းဆင်းကြည့်ရှု
Jan 15,2022
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများဖြစ်သည့် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးဝင်းမြင့်၊ အတွင်းရေးမှူး ဦးဝင်းရှိန်နှင့် ခရိုင်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ လိုက်ပါကာ ယမန်နေ့ နံနက် ၉ နာရီအချိန်က မကွေးဆေးတက္ကသိုလ်သို့ ရောက်ရှိပြီး တည်ဆောက်လျက်ရှိသည့် (၄)ထပ်စာသင်ဆောင် ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးရာ Kinectics Arts Co.Ltd ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူ၏ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကာမိုင်းမြို့ ဧရိယာအတွင်းရှိ ကျောင်းသာ/သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Sinovac ကို ဒုတိယအသုတ်(ဒုတိယအကြိမ်)ထိုးနှံပေး
Jan 15,2022
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ဧရိယာအတွင်းရှိ ကျောင်းသား/သူများအား ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး Sinovac ကို ယနေ့ နံနက် ၁၀ နာရီမှ ၁၁ နာရီခွဲအထိ အထက မြစိမ်းရောင်ခန်းမ၌ ထိုးနှံခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ် မုန်တိုင်ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းအတိုးရငွေ၊ပြည်သူထည့်ဝင်ငွေများဖြင့် ကျေးရွာတွင်း လမ်းများအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်
Jan 15,2022
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့ပြနှင့် ကျေးလက်ကွာဟမှုမရှိစေရေးအတွက် မြို့နယ်အတွင်းရှိကျေးရွာများအား ဘက်စုံဖွံ့ဖြိုး ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပြီး မုန်တိုင်ကျေးရွာ၌ ကျေးရွာမြစိမ်း ရောင်စီမံကိန်း အတိုးရငွေနှင့် ပြည်သူထည့်ဝင်ငွေများ၊လုပ်အားများ၊ပစ္စည်းများဖြင့် ကျေးရွာတွင်း လမ်း များအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရာ(၇၀)ရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၊ နောင်ခလုံး-ပညာပလီး-ဂျပန်ကုန်း-လော်ကော်-နတ်ကြီး ကျေးရွာချင်းဆက် မြေသားလမ်း (၆)မိုင်၊ (၄)ဖာလုံ အနက် (၂)မိုင်အား ကျောက်လမ်းခင်းခြင်း…
Jan 15,2022
ကရင်ပြည်နယ်၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ပြည်သူများ၏ လူနေမှုဘဝတိုးတက်မြင့်မားလာစေရေးနှင့် သွားလာရေးအဆင်ပြေစေရန် ရည်ရွယ်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ပိုင်ကျုံမြို့၊ နောင်ခလုံး-ပညာပလီး-ဂျပန်ကုန်း-လော်ကော်-နတ်ကြီး ကျေးရွာချင်းဆက် မြေသားလမ်းအား ကျောက်လမ်းခင်းခြင်းလုပ်ငန်းကို နို၀င်ဘာလ တတိယအပတ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယနေ့အထိ (၃၅)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များအား ထောက်ပံ့ငွေပေးအပ်နိုင်ရေး စာရင်းကောက်ယူခြင်း ဆင့်ပွားသင်တန်းဖွင့်လှစ်
Jan 15,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲခရိုင် ၊ သီပေါမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ၂၀၂၁ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ခုနှစ်၊မတ်လအထိ ကိုယ်ဝန်ဆောင်မိခင်များအား ထောက်ပံ့ငွေ ပေးအပ်နိုင်ရေး စာရင်းကောက်ယူခြင်း ဆင့်ပွားသင်တန်း ဖွင့်လှစ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သီပေါမြို့နယ်တွင် အကျဉ်းသားများအားကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Jan 15,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ် တားဆီးရေး နှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မြို့နယ်အကျဉ်းဦးစီးဌာန၊ အကျဉ်းထောင်ရှိ အကျဉ်းသားများအား ယမန်နေ့ မွန်းလွှဲပိုင်းက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
19170
Page
19171
Page
19172
Page
19173
Current page
19174
Page
19175
Page
19176
Page
19177
Page
19178
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department