အမြို့မြို့အနယ်နယ်သတင်းများ

Jan 14,2022
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ်‌တွင် မိုးစပါးရိတ်သိမ်းပြီးသွား၍ ဆောင်းသီးနှံ ပဲတီစိမ်းစိုက်ပျိုးသော တောင်သူတို့သည် မြေအစိုဓာတ်ရှိချိန်အတွင်း နိုဝင်ဘာလလယ်မှ စတင်ကာဆောင်းသီးနှံ ပဲတီစိမ်း အချိန်မီထွန်ယက် စိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။
Jan 14,2022
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနတွင် စူပါဘိုကာရှီ မြေဆွေးပုံ များ လက်တွေ့ပြုလုပ်ပြသခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တောင်သူများပူးပေါင်း၍ နည်းပညာပေး လက်တွေ့ပြုလုပ်ပြသခဲ့သည်။                     
Jan 14,2022
နိုင်ငံတော် အစိုးရအစီအစဉ်ဖြင့်  အသက်(၁၂)နှစ်အထက်  အလယ်တန်း အထက်တန်းကျောင်း သားကျောင်းသူများအား   ကျန်းမာပျော်ရွှင်စွာ   ပညာသင်ကြားနိုင်ရေးအတွက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinovac)ကို ယနေ့နံနက်ပိုင်းက စဉ့်ကိုင်မြို့နယ် အခြေခံပညာ  အထက်တန်းကျောင်းတွင် ကျန်းမာ ရေးဦးစီးဌာနမှ ဝန်ထမ်းများက ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
Jan 14,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန်ရောဂါ ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ရပ်ကွက်များနှင့် ကျေးရွာများ အရောက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 14,2022
ကရင်ပြည်နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ကော့ကရိတ်ခရိုင်ရုံးမှ ကြီးမှူးကျင်းပသည့် ပန်းခင်း စီမံချက်နှင့် ပတ်သက်သည့် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ် (၅)ရပ်ကွက် ရေလယ်ကုန်းရပ် ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 14,2022
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အ.ထ.က(၄)ကျောင်းရှိ သီရိရတနာခန်းမတွင် ယနေ့နံနက် (၉:၀၀) အချိန်က အသက်(၁၈)နှစ်အထက် ရက်ကွက်နေပြည်သူများအား (ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Covid shield) ထိုးနှံခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Jan 14,2022
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး ဆိုင်ရာအချက်များကို အများပြည်သူမျာ ကျယ်ကျယ်ပြန့်ပြန့် သိနိုင်စေရန်ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းက အသံချဲစက်ဖြင့် အသိပေးနိုးဆော်ခြင်းကို ဆောင်ရွက်ခဲ့ကြသည်။
Jan 14,2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်ချက်နှင့်အတူ ကျန်းမာရေး ၀န်ကြီးဌာနက စီစဉ်ဆောင်ရွက်မှုဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့နယ်တွင် Covid -19 ‌ကူးစက်ရောဂါ ကာကွယ်ဆေးကို အစီအစဉ်သစ်တစ်ခုအနေဖြင့် ဇန်နဝါရီ ၁၀ ရက်နေ့မှစတင်၍ ကာကွာဆေးထိုးပေးလျှက်ရှိကြောင်းသိရသည်။