Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ရှမ်းပြည်နယ်အတွင်းရှိ အကျဉ်းထောင်/စခန်းအသီးသီးမှ အကျဉ်းသား/အကျဉ်းသူ ၃၉ဝ ဦးလွတ်မြောက်
Jan 05,2025
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏အမိန့်အမှတ်၊ ၂/၂၀၂၅ ဖြင့် ယနေ့မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၆ ရက် ၊ (ခရစ်နှစ် ၂၀၂၅ ခုနှစ် ၊ ဇန်နဝါရီလ ၄ ရက်နေ့)တွင် ကျရောက်သည့် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်နေ့အားဖြင့် လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် အကျဉ်းထောင်/ အချုပ်ထောင်/ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော နိုင်ငံသားအကျဉ်းသား/အကျဉ်းသူများကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ ၊ ပုဒ်မခွဲ(၁)အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံ ကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါဆက်လက်ကျခံပါမည်”ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့ ခြင်းဖြစ်သည်။
အပြည့်အစုံ ဖတ်ရန်
သာကေတမြို့နယ်တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနား ကျင်းပ
Jan 05,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ (၄)ရက်နေ့တွင် ကျရောက်သည့် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်အလံတင်အခမ်းအနားနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သည့် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားတက်ရောက်
Jan 05,2025
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သော (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အလံတင် အခမ်းအနားနှင့် သဝဏ်လွှာဖတ်ကြားသည့်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကရင်ပြည်နယ်၊ ဘားအံမြို့ သီရိကွင်းရှိ လွတ်လပ်ရေးကျောက်တိုင်ရှေ့၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟင်္သာတအကျဉ်းထောင်မှ အကျဉ်းသား/သူ (၁၁၇)ဦးအား ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အမိန့် (၂/၂၀၂၅)ဖြင့် ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြု
Jan 05,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတအကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/သူများအနက် အကျဉ်းသား (၁၀၄)ဦး၊ အကျဉ်းသူ (၁၃)ဦး၊ စုစုပေါင်း (၁၁၇)ဦးတို့အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၄-၁-၂၀၂၅ ရက်စွဲပါအမိန့်အမှတ်၊ (၂/၂၀၂၅)အရ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁)ဖြင့် “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ပြစ်ဒဏ်မှ လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ငူအကျဥ်းထောင်၌ ကျင့် ၄၀၁၊ ပုဒ်မခွဲ (၁)အရ လွတ်မြောက်သွားသော အကျဥ်းသား အကျဥ်းသူများအား လွှတ်ပေးသည့်အခမ်းအနားကျင်းပ
Jan 05,2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်သည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူမှုရေးအရ ငဲ့ညာထောက်ထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့်စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း အကျဥ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးတွင် ကျခံလျက်ရှိသော အကျဥ်းသားအကျဥ်းသူများကို ကျင့် ၄၀၁၊ ပုဒ်မခွဲ (၁)အရ ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်၏ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်အမိန့်အရ လွှတ်ပေးလျက်ရှိရာ တောင်ငူအကျဥ်းထောင်ရှိ ကျင့် ၄၀၁(၁)အရ၊ လွတ်မြောက်သွားသော အကျဥ်းသား အကျဥ်းသူများအား လွှတ်ပေးသည့် အခမ်းအနားကို ယမန်နေ့နံနက် (၁၁:၅၀)အချိန်တွင် တောင်ငူအကျဥ်းထောင် ဧည့်ရိပ်သာတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြည်နယ်ဂုဏ်ဆောင်ဆုချီးမြှင့်ခြင်းအခမ်းအနား တက်ရောက်
Jan 05,2025
ပြည်နယ်ဂုဏ်ဆောင်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က အသက်တမျှအရေးကြီးသည့် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် မြန်မာ့တပ်မတော်မှ တိုင်းရင်းသားပြည်သူများနှင့် တွဲလက်ညီညီ ရင်ဆိုင်ကာကွယ်ခဲ့ခြင်းကြောင့် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့နေခြင်းသာဖြစ်ပါကြောင်း၊ အဓိကမဏ္ဍိုင်ဖြစ်သော ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေး (၃)ပါးကို တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ လေးနက်စွာ ခံယူစောင့်ထိန်းကြရမည့် ကျင့်ဝတ်တစ်ခုပမာ ထင်ရှားစွာတည်ရှိနေကြောင်း၊ လွတ်လပ်ရေးဆိုသည်မှာ နှစ်ရှည်လများ တိုက်ပွဲဝင်မှသာ ရရှိတတ်သော်လည်း ရရှိပြီး လွတ်လပ်ရေးသည် စည်းလုံးညီညွတ်မှုပျက်ပြားခြင်း၊ မျိုးချစ်စိတ်ဓာတ်အားနည်းခြင်းတို့ကြောင့် တစ်ခဏ၌ပင် ဆုံးရှုံးတက်သောအရာဖြစ်သကဲ့သို့ လွတ်လပ်ရေးကို ကာကွယ်စောင့်ရှောက်ရန် မြန်မာနိုင်ငံသားအားလုံး၏ သမိုင်းပေးတာဝန်တစ်ရပ်အဖြစ်ခံယူ၍ စည်းလုံးညီညွတ်စွာ ဆက်လက်ထိန်းသိမ်းသွားကြရန်လိုကြောင်း ပြောကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးအကျဉ်းထောင်မှ အကျဉ်းသား အကျဉ်းသူများအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု
Jan 05,2025
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးအကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသားနှင့်အကျဉ်းသူတို့အား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးပွဲကို ယနေ့ နေ့လယ် ၁၂ နာရီအချိန်က ညောင်ဦးအကျဉ်းထောင်ဝင်းရှိ ဓမ္မာရုံ၌ပြုလုပ်ခဲ့ ကြောင်းသိရဿည်။
အပြည့်အစုံ ဖတ်ရန်
(၇၇) နှစ်မြောက် လွတ်လပ်ရေးနေအထိမ်းအမှတ် အမျိုးသား၊ အမျိုးသမီး စက်ဘီးစီးပြိုင်ပွဲ ကျင်းပ
Jan 05,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ ရန်ကုန်တိုင်းဒေသကြီးရုံးရှေ့တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသား၊ အမျိုးသမီး စက်ဘီးစီးပြိုင်ပွဲကို ဇန်နဝါရီလ ၃ ရက်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1908
Page
1909
Page
1910
Page
1911
Current page
1912
Page
1913
Page
1914
Page
1915
Page
1916
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department