Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဘော်လီဘောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ တက်ရောက်
Jan 05,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ရွှေဟိန်းဆန်စက်လုပ်ငန်းသို့ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း၊ နေပြည်တော်စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်ဦးနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အဆင့်တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ မွန်းလွဲပိုင်းက သွားရောက်ကြည့်ရှုခဲ့ရာ ရွှေဟိန်းဆန်စက်ပိုင်ရှင်၊ နေပြည်တော်ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးတင်ထွန်းအောင်က စပါးဝယ်ယူရေး၊ ဆန်ရောင်းချရေး၊ လျှပ်စစ်ဓာတ်အားအပြည့်အဝရရှိရေးနှင့် တစ်နေ့ စပါးတင်း ၁၀၀၀ ကျော် ကြိတ်ခွဲနိုင်သည့် ဆန်စက်လည်ပတ်မှုအခြေအနေအား ရှင်းလင်းတင်ပြခဲ့ပြီးနောက် နေပြည်တော်ကောင်စီဝင်က ဆန်စက်လုပ်ငန်းပုံမှန်လည်ပတ်နိုင်ရေးအတွက် လိုအပ်သည်များအား သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းပျဉ်းမြို့တွင် ရှေ့တန်းအမှတ်(၁) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲမှ လာရောက်ကပြ တင်ဆက်
Jan 05,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့ မြို့မအားကစားကွင်းအတွင်း၌ ရှေ့တန်းအမှတ်(၁) နယ်လှည့်ပြည်သူ့ဆက်ဆံရေးတပ်ခွဲ(ပြဇာတ်ကြီးတပ်စု)မှ လာရောက်ကပြဖျော်ဖြေခြင်းကို ယမန်နေ့ ည (၈)နာရီအချိန်မှစတင်၍ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဘယ်လင်းအကျဉ်းဦးစီးဌာနမှ အကျဉ်းသား (၅၀)ဦးအား လွတ်ငြိမ်းချမ်းသာခွင့်ပေး
Jan 05,2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၄.၁.၂၀၂၅)ရက်စွဲပါ အမိန့်အမှတ်(၁/၂၀၂၄)ဖြင့် (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့်စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း အကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့်များ ပေးလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ဘယ်လင်းအကျဉ်းဦးစီးဌာန အမှတ်(၁)နှင့် အမှတ်(၂) ကုန်ထုတ်စခန်းအစည်းအဝေးခန်းမများ၌ အကျဉ်းသား (၅၀)ဦးအား လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆင်ပေါင်ဝဲမြို့နယ်၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပ
Jan 04,2025
(၇၇) နှစ်မြောက်လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားကို မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ဇန်နဝါရီ ၄ ရက်နေ့ နံနက် ၄ နာရီ ၂၀ မိနစ်အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
စလင်းမြို့နယ် ကူတိုအခြေခံပညာအလယ်တန်းကျောင်း၊ ကျောင်းအခြေပြုတီဘီရောဂါရှိ/ မရှိ စမ်းသပ်စစ်ဆေးရှာဖွေခြင်းများ ဆက်လက်ဆောင်ရွက်
Jan 04,2025
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ ကျောင်းသူကလေးငယ်များအား ကျောင်းအခြေပြု တီဘီရောဂါပိုး ရှိ/မရှိ စမ်းသပ်စစ်ဆေးခြင်း ဆောင်ရွက်မှုများကို မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က၊ ကူတိုကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ဆက်လက် ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
တိုင်းဒေသကြီးဝန်ကြီးချုပ် (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် စံပြမိခင်နှင့် ကလေးပြိုင်ပွဲ အခမ်းအနားတက်ရောက်
Jan 04,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် (၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စံပြမိခင်နှင့်ကလေးပြိုင်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းကပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချူပ်ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်ကြည်ကြည်ထွန်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ မိခင်များနှင့် ကလေးငယ်များ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
စလင်းမြို့နယ်၌ ၂၀၂၅ခုနှစ် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကြက်တောင်၊ စားပွဲတင်တင်းနစ် ဖူဆယ်ဘောလုံးအားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင်…
Jan 04,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စားပွဲတင်တင်းနစ် အငယ်တန်း၊ အကြီးတန်းကြက်တောင် အမျိုးသား၊ အမျိုးသမီး၊ ဖူဆယ်ဘောလုံးအားကစားပြိုင်ပွဲအသီးသီးတို့တွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို မြို့နယ်အားကစားကွင်း မိုးလုံလေလုံအားကစားခန်းမဆောင်အတွင်း၌ ယနေ့ဇန်နဝါရီလ(၄)ရက် နံနက်၉ နာရီ ၃၀ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်အလံတင်အခမ်းအနား၊ အလေးပြုခြင်းနှင့်သဝဏ်လွှာဖတ်ပွဲကျင်းပ
Jan 04,2025
(၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်အလံတင်အခမ်းအနား၊ နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သော သဝဏ်လွှာဖတ်ပွဲကို ယနေ့နံနက်ပိုင်းက ပျော်ဘွယ်မြို့၊ မြင်းဘက်ရပ်ကွက်ရှိ လွတ်လပ်ရေးကျောက်တိုင်ကွင်းတွင် ကျင်းပခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
1910
Page
1911
Page
1912
Page
1913
Current page
1914
Page
1915
Page
1916
Page
1917
Page
1918
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department