ဒဂုံ ဇန်နဝါရီ ၅
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ ရန်ကုန်တိုင်းဒေသကြီးရုံးရှေ့တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အမျိုးသား၊ အမျိုးသမီး စက်ဘီးစီးပြိုင်ပွဲကို ဇန်နဝါရီလ ၃ ရက်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အမျိုးသား၊ အမျိုးသမီးစက်ဘီးစီးပြိုင်ပွဲတွင် ပန်း၀င်လာသူများကို ရန်ကုန်တိုင်းအစိုးရ၀န်ကြီးချုပ်နှင့် ၀န်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများက အားပေးကြိုဆိုခဲ့ကြသည်။ထို့နောက် ပြိုင်ပွဲတွင် ဆုရရှိသူများကို ရန်ကုန်တိုင်းအစိုးရ၀န်ကြီးချုပ်နှင့် အဖွဲ့မှ ဆုများအသီးသီး ပေးအပ်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
အမျိုးသား၊ အမျိုးသမီးစက်ဘီးစီးပြိုင်ပွဲ၀င် အားကစားသမားများကို ရေသန့်ဘူးများပေးဝေခြင်း၊ ကြိုဆိုအားပေးသူများကို နံနက်ခင်းစာ ကောက်ညှင်းပေါင်း၊ အကြော်၊ လက်ဖက်ရည်များနှင့် တည်ခင်းဧည့်ခံခြင်းကို စည်ပင်သာယာစီမံရေးရာဌာနမှ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
လဲ့လဲ့(ပြန်/ဆက်)